Latest News

Monday, April 10, 2017

ပျဉ်းမနားမြို့မရဲစခန်း(အချုပ်ထောင်) မှ ထွက်ပြေးသွားသည့် တရားခံနှစ်ဦးအား လယ်ဝေးမြို့နယ်တွင် ဖမ်းဆီးရမိ

ပျဉ်းမနားမြို့မရဲစခန်း(အချုပ်ထောင်) မှ ထွက်ပြေးသွားသည့်
တရားခံနှစ်ဦးအား လယ်ဝေးမြို့နယ်တွင် ဖမ်းဆီးရမိ


ပျဉ်းမနား ဧပြီ ၉

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနား(အချုပ်ထောင်)မှ ထွက်ပြေး သွားသည့် တရားခံနှစ်ဦးအား ရဲတပ်ဖွဲ့၏ ချိတ်ဆက်ကြိုးပမ်းအားထုတ်မှု ကြောင့် ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၈ ရက် နံနက် ၇ နာရီခွဲက အချုပ်ခန်း အမှတ်စဉ် (၇) တွင် ချုပ်ထားသော တရားခံ ဝင်းထိုက် ကျော် (၂၃ နှစ်)နှင့် တရားခံ ငွေသိန်း (ခ) ညီညီ (၁၆ နှစ်)တို့ နှစ်ဦးကို သန့်ရှင်းရေးထုတ်ခိုင်းရာမှ အချုပ် ခန်းအသစ်နံရံကို အသုံးပြု၍ အချုပ် ခန်းဟောင်း အမိုးပေါ်မှတစ်ဆင့် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

(သတင်းဖော်ပြပြီး)

¤င်းတို့နှစ်ဦးထွက်ပြေးသွားသည့် ကိစ္စနှင့်ပတ်သက်၍ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်ခင်အောင်က ထွက်ပြေး တရားခံများ အမြန်ဖမ်းဆီးရမိရေး ကြိုးပမ်းဆောင်ရွက်ရန် ညွှန်ကြား ချက်အရ ပျဉ်းမနားမြို့မရဲစခန်းမှူး ဒုရဲမှူးတင်ဌေးသည် ဝန်းကျင် မြို့နယ် ရဲစခန်းများသို့ ချိတ်ဆက်သတင်းပေး ဆောင်ရွက်မှုကြောင့် ဧပြီ ၉ ရက် နံနက် ၈ နာရီခွဲတွင် လယ်ဝေးမြို့နယ် သာဝတ္ထိစစ်ဆေးရေးဂိတ်မှ ရဲအုပ် မျိုးဇော်ဦးစီးသော တပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့ရာ ကြားကန် စစ်ဆေးရေးဂိတ်တွင် အဆိုပါထွက်ပြေး သူနှစ်ဦးအား ဖမ်းဆီးရမိထားကြောင်း သတင်းရရှိသဖြင့် ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး တင်မိုးဦး၊ ပျဉ်းမနား မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သက်နိုင် ဦးနှင့်တပ်ဖွဲ့ဝင်များက ထွက်ပြေးတရားခံနှစ်ဦးအား ပြန်လည် ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဝင်းထိုက် ကျော်နှင့် ငွေသိန်း(ခ) ညီညီတို့အား တရားဥပဒေနှင့်အညီ ဆက်လက်၍ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

မင်းမင်းလတ် (မန်းတက္ကသိုလ်)

No comments:

Post a Comment