Latest News

Sunday, April 2, 2017

ဓားနဲ့ရန်ပြုတဲ့ လူသတ်တရားခံပြေးကို သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရ

ဓားနဲ့ရန်ပြုတဲ့ လူသတ်တရားခံပြေးကို သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရ

လူသတ်မှု တရားခံပြေးတစ်ဦးကို သွားရောက်ဖမ်းဆီးတဲ့အချိန်မှာ အဆိုပါတရားခံပြေးက ဓားဦးချွန်နဲ့ ပြန်လည် ခုခံရန်ပြုလို့ သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တဲ့ဖြစ်ရပ် ရန်ကုန်တိုင်း တာမွေမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

တာမွေမြို့နယ်၊ တာမွေကြီး (က+ဂ)ရပ်ကွက်၊ ရွှေဥဒေါင်းလမ်း၊ အမှတ် (၈) မြေညီထပ်မှာ  လူသတ်တရားခံပြေးတစ်ဦး ရောက်ရှိနေနေတာကို သတင်းရလို့  ဧပြီ ၁ ရက်နေ့ ည ၁၂ နာရီလောက်မှာ တာမွေမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေ သွားရောက်ဖမ်းဆီးတာကနေ အခုလိုပစ်ခတ်ဖမ်းဆီးခဲ့ရတာလို့ ဆိုပါတယ်။

တရားခံပြေး တင်စိုး ၅၄ နှစ်က နေအိမ် ထပ်ခိုးပေါ်မှာရှိနေပြီး ရဲတပ်ဖွဲ့က အသာတကြည်အဖမ်းခံဖို့ ပြောဆိုခဲ့ပေမယ့် မလိုက်နာဘဲ ဓားဦးချွန်နဲ့ ပြန်လည်ခုခံရန်ပြုတာကြောင့် ရဲတပ်ဖွဲ့က ခြောက်လုံးပြူးသေနတ်နဲ့ တချက် အမိုးပေါ် ခြောက်လှန့်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် တရားခံပြေးဖြစ်သူက ဆက်လက်ရန်ပြုနေလို့ Pump Action ပြောင်းချောသေနတ်နဲ့ တချက် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ဘယ်ဘက်ပေါင်ထိမှန်ပြီး ဒဏ်ရာတွေရရှိခဲ့ကာ  ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ကုသခဲ့တယ်လို့ ဆိုပါတယ်။

တရားခံပြေးဖြစ်သူ တင်စိုးက တာမွေမြို့မရဲစခန်းကနေ  (ပ)၈၈၆/၂၀၁၄၊ ရာဇသတ်ကြီးပုဒ်မ- ၃၂၆ အမှုကနေ ၃၀၂ အမှုကို ပြောင်းလဲဖွင့်လှစ်ခဲ့တဲ့အမှုက တရားခံပြေးတစ်ဦးဖြစ်ပြီးပြီးခဲ့တဲ့ ၁.၁.၂၀၁၅ ရက်နေ့က ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးမှာ တရားခံပြေးအဖြစ် တရားစွဲဆိုခံထားရသူ ဖြစ်ပါတယ်။

Source & Photos : Yangon Police

No comments:

Post a Comment