Latest News

Friday, April 21, 2017

ဦးဝင်းတင်နာမည်နဲ့ ပန်းခြံဆောက်ဖို့ သူရဦးတင်ဦးတောင်းဆို

ဦးဝင်းတင်နာမည်နဲ့ ပန်းခြံဆောက်ဖို့ သူရဦးတင်ဦးတောင်းဆို

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင် ထူထောင်ခဲ့သူတဦးဖြစ်တဲ့- ကွယ်လွန်သူ သတင်းစာဆရာ စာရေးဆရာကြီး ဟံသာဝတီဦးဝင်းတင်နာမည်နဲ့ ပန်းခြံတခုဆောက်လုပ်ပေးဖို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို NLD နာယက သူရဦးတင်ဦးက တောင်းဆိုလိုက်ပါတယ်။ ရန်ကုန် ဗဟန်း မြို့နယ်က တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပတဲ့ "ဆရာကြီးဦးဝင်းတင် ကွယ်လွန်ခြင်း ၃ နှစ်ပြည့်" အခမ်းအနားမှာ အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ဆရာကြီး ဦးဝင်းတင်ကွယ်လွန်ခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွေကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကျင်းပခဲ့ကြတာပါ။ ရန်ကုန်မြို့မှာ ကျင်းပတဲ့အခမ်းအနားမှာ NLD နာယက သူရဦးတင်ဦး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ စာရေးဆရာ ဦးမိုးသူ၊ မုံရွာအောင်ရှင်နဲ့ ၈၈ မျိုးဆက်အဖွဲ့က ဦးမင်းကိုနိုင်တို့က ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။

မန္တလေးမြို့ တောင်သမန် အင်းစောင်းက တောင်လေးလုံးကျောင်းတိုက်မှာ ကျင်းပတဲ့ အောက်မေ့ဖွယ် အခမ်းအနားကို ဆရာကြီးဦးဝင်းတင်ရဲ့ လုပ်ဖော်ကိုင်ဘက် သတင်းစာဆရာ စာရေးဆရာတွေ၊ နိုင်ငံရေး အင်အားစုတွေ တက်ရောက်ခဲ့ကြပါတယ်။

စစ်အစိုးရလက်ထက် အကျဉ်းထောင်ထဲမှာ နှစ်ပေါင်း ၂ဝ လောက် အကျဉ်းချခံခဲ့ရတဲ့ ဆရာကြီး ဦးဝင်းတင်ဟာ ၂ဝ၁၄ ခုနှစ် ဧပြီလ ၂၁ ရက်နေ့က ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၈၄ နှစ် ရှိပြီဖြစ်ပါတယ်။ RFA

No comments:

Post a Comment