မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်းတွင် အထောက်အထား မတင်ပြနိုင်သည့် ဘီယာဘူး ကျပ် ၁၁၉ သန်း ဖမ်းဆီးရမိ
ကျိုက်ထီးရိုး မိုင်တိုင်အမှတ် (၁၂၄)မိုင်အနီး၌ ၁၂ ဘီး ယာဉ် ၃ စီးအား မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစန်းမှ ဧပြီ ၂၀ ရက်တွင် ရှောင်တခင် သွားရောက်စစ်ဆေးရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တစုံတရာ တင်ပြနိုင်ခြင်းမရှိသည့် ဘီယာကျပ် ၁၁၉ သန်း ဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
“ကျွန်တော်တို့ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်းမှာကတော့ ဧပြီ ၂၀ ရက်မှာ အထောက်အထားမပြနိုင်တဲ့ ဘီယာတွေ ဖမ်းဆီးရမိပါတယ်”ဟု ၎င်းက ပြောသည်။
ယင်းသို့ ဖမ်းဆီးရမိသော ဘီယာအမှတ်တံဆိပ်များမှာ Beer Chang နှင့် Cheers Beer များဖြစ်ကြောင်း၊ ယခု သတ်မှတ်ထားသည့် ကျပ် ၁၁၉ သန်းမှာ ဖမ်းဆီးရမိသည့် ယာဉ်တန်ဖိုးများလည်း ပါဝင်ကြောင်း သိရသည်။
ဧပြီ ၂၀ ရက် တရက်တည်း၌ တရားမ၀င်ကုန်စည်များ တားဆီးထိန်းချုပ်ရာ ရေပူနှင့် မရမ်းချောင်စစ်ဆေးရေးစခန်းများတွင် တားဆီးစစ်ဆေးမှုများ ပြုလုပ်ရာ စုစုပေါင်း ၂၁ မှုတွင် ခန့်မှန်းတန်ဖိုး ၂၆၉ ဒသမ ၂၁၆၆ သန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
နိုင်(News Watch)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment