Latest News

Friday, April 21, 2017

ပြည်ပလုပ်သားဗီဇာတွေကို ဩစတြေးလျား တင်းကျပ်တော့မည်

ပြည်ပလုပ်သားဗီဇာတွေကို ဩစတြေးလျား တင်းကျပ်တော့မည်

ဧပြီ ၁၈ - ဩစတြေးလျားက နိုင်ငံ ခြားသားတွေ အလာများတဲ့ ယာယီ အလုပ်လုပ်ကိုင်ခွင့်ဗီဇာကို ပယ်ဖျက်ပြီး အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုနဲ့ အလုပ်ကျွမ်းကျင်မှု စွမ်းရည်ပိုကောင်းမှ ရနိုင်မယ့် ဗီဇာ အသစ်နဲ့ အစားထိုးတော့မယ်လို့ ဝန်ကြီးချုပ် မယ်လ်ကွန်တန်ဘူးလ်က အင်္ဂါနေ့မှာ ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်း လဲမှုက ဦးတည်ချက်ရိုးရှင်းပါ တယ်၊ ဩစတြေးလျားနိုင်ငံသားတွေရဲ့ အလုပ်အကိုင်နဲ့ ဩစတြေး လျားနိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက်ပါပဲ”လို့ သူက ဖေ့စ် ဘုတ်ခ်ကြေညာချက်မှာ ပြောခဲ့ပါ တယ်။

ဗီဇာပြောင်းလဲမှုဟာ ကျွမ်းကျင်မှုပိုရှိတဲ့ လုပ်သားတွေကို ဆွဲဆောင်နိုင်မှာဖြစ်သလို ၄၅၇ ဗီဇာပရိုဂရမ်ဟောင်းအရ လစာနည်းနည်းနဲ့ ခန့်အပ်ထားတဲ့ ပြည်ပလုပ်သားတွေအစား ဩစတြေးလျား နိုင်ငံသားတွေကို အလုပ်ရသွားစေနိုင်လိမ့်မယ်လို့ တန်ဘူးလ်က ပြော ပါတယ်။

“ကျွန်တော်တို့က ရွှေ့ပြောင်း နေထိုင်သူတွေ ရှိတဲ့နိုင်ငံ၊ ဒါပေမဲ့ ကျန်နေတဲ့အချက်က ဩစတြေးလျားမှာ အလုပ်အကိုင်တွေကို ဩ စတြေးလျားလုပ်သားတွေအတွက် ဦးစားပေးရမယ်ဆိုတာပဲ၊ ၄၅၇ ဗီ ဇာတွေကို အလုပ်ခန့်အပ်ခွင့်ပြုတော့မှာ မဟုတ်သလို ဩစတြေး လျားလူမျိုးတွေကိုပဲ ခန့်အပ် တယ်˘လို့ သူက ဆိုပါတယ်။

ဩစတြေးလျားရဲ့ ကျွမ်းကျင် သူနည်းပါးမှုပြဿနာကို ဖြေရှင်း နိုင်ဖို့ ၄၅၇ ဗီဇာကို စီစဉ်ခဲ့တာဖြစ် ပြီး သည်ဗီဇာကိုင်ဆောင်သူတွေဟာ ၄၅၇ ဒုတိယဗီဇာသက်တမ်းမှာ ဩစတြေးလျားကို မိသားစုဝင် တွေ ခေါ်ဆောင်ခွင့် ရှိပါတယ်။

ဒါပေမဲ့ တကယ့်အရည်အချင်းအတွက် မဟုတ်ဘဲ လုပ်အားခ သက်သာတဲ့လုပ်သားတွေ ခေါ် သွင်းဖို့ အလုပ်ရှင်တွေက သည်ပရို ဂရမ်ကို တလွဲအသုံးချနေတယ်လို့ စွပ်စွဲချက်တွေကြောင့် အငြင်းပွား ဖွယ် ဖြစ်ခဲ့တာပါ။

အခုလက်ရှိ ဩစတြေးလျား မှာ ၄၅၇ ဗီဇာနဲ့ နေထိုင်သူတွေကိုတော့ အစီအစဉ်သစ်ရဲ့ သက်ရောက်မှုရှိစေမှာ မဟုတ်ဘူးလို့ သိရပါတယ်။

လက်ရှိမှာ ပြည်ပလုပ်သား ၉၅,ဝ၀ဝ ခန့် အသုံးပြုနေတဲ့ ၄၅၇ ဗီဇာကို ယာယီဗီဇာအသစ်နဲ့ အစားထိုးပေးမှာဖြစ်ပြီး ဗီဇာအသစ် က နှစ်နှစ်သက်တမ်းရှိမှာ ဖြစ်ပါ တယ်။ လေးနှစ်ရှိမယ့် ဗီဇာဒုတိယ သက်တမ်းမှာတော့ အင်္ဂလိပ်ဘာ သာစကား အဆင့်မြင့်အရည်အချင်းရှိနေဖို့ လိုအပ်မှာဖြစ်တယ်လို့ သိရပါတယ်။(Kumudra)

No comments:

Post a Comment