Latest News

Tuesday, April 18, 2017

မေလအတွင်း နောက်ထပ်မုန်တိုင်းတစ်လုံးဖြစ်လာနိုင်ဟု ဦးထွန်းလွင်​သတိ​ပေး

မေလအတွင်း နောက်ထပ်မုန်တိုင်းတစ်လုံးဖြစ်လာနိုင်ဟု ဦးထွန်းလွင်​သတိ​ပေး


ဘင်္ဂလားပင်လယ်အော်တွင် မေလအတွင်း နှစ်စဉ် မုန်တိုင်း ၁ လုံးဖြစ်တတ်သောကြောင့် ယခုနှစ်တွင်လည်းဖြစ်လာနိုင်သည်ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က အသိပေးပြောကြားလိုက်သည်။

ဘင်္ဂလားပင်လယ်အော်တွင် မေလအတွင်း နှစ်စဉ် မုန်တိုင်း ၁ လုံးဖြစ်တတ်ပြီး ဇွန်လတွင် သုံးနှစ်၊ တစ်ကြိမ် ဖြစ်တတ်သည်ဟု ဒေါက်တာထွန်းလွင်က ဆိုသည်။

“စောင့်ကြည့်ရဦးမှာပေါ့ စောသေးတယ်။ အခုဘာမှမဖြစ်သေးပါဘူး။ မေလဆိုတာ အမြဲတမ်းအန္တာရယ်ရှိတာပဲလေ။ မေလဖြစ်တဲ့မုန်တိုင်း,တိုင်းဟာ မြန်မာပြည်ကို ၅၁ ရခိုင်နှုန်းဝင်တယ်ဆိုတော့ တစ်ဝက်တစ်ဝက်ပဲပေါ့" ဟု မဇ္ဈိမသို့ ဖြေကြားသည်။

“ဒါဟာ ၂၀၀၆ ကစတင်ပြီး ၂၀၁၆ အထိ ပျမ်းမျှတန်ဖိုးတွေပါပဲ။ ဒီတော့ လာမယ့်မေလမှာ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းနောက်တစ်လုံးဖြစ်ဖို့ အလားအလာကတော့ ရှိနေပြန်ပါတယ်။ အထူးသဖြင့် မုတ်သုံလေအဝင်နောက်ကျရင် ပိုသေချာပါတယ်" မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင်လည်း ​ရေးသားသတိပေးထားသည်။

ဘင်္ဂလားပင်လယ်အော်အတွင်း ဇူလိုင် နှင့် သြဂုတ်လတွင် ငါးနှစ် ၄ ကြိမ်မုန်တိုင်း ဖြစ်တတ်ပြီး စက်တင်ဘာလတွင်တော့ သုံးနှစ်မှာ ၁ ကြိမ် ဖြစ်သည်ဟု ၎င်းက လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရေးသားထားသည်။

အောက်တိုဘာ+နိုဝင်ဘာ+ဒီဇင်ဘာလများတွင်​ မုန်တိုင်း တစ်နှစ် (၄)လုံးဖြစ်သည်ဟုလည်း ဒေါက်တာထွန်းလွင်ကဆိုသည်။

“မုန်တိုင်းက မြန်မာပြည်မှာ နှစ်တိုင်း ဒုက္ခပေးနေတယ်။ မုန်တိုင်းအန္တရာယ်နဲ့ ကြုံတွေ့တာ ၁၁ နှစ်ရှိပြီ။ တချို့နှစ်မှာ တဲ့ထိတယ်။ တစ်ချို့နှစ်မှာတော့ အားပျော့သွားတယ်ပေါ့။ ဒီနှစ်အနေနဲ့တော့ မေလမှာ မုန်တိုင်းအန္တရာယ် ဂရုစိုက်စေချင်တယ်” ဟု ဒေါက်တာထွန်းလွင်က မတ်လ ၃၀ရက်က ပြုလုပ်ခဲ့သည့် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ(၁/၂၀၁၇) အစည်းအဝေး အပြီး မီဒီယာများသို့ပြောဆိုထားသည်။

မုန်တိုင်းအန္တရာယ်နှင့်ပတ်သက်ပြီး ရာသီဥတုဖောက်ပြန်မှုကြောင့် ၂၀၀၈ခုနှစ်၊ မေလဆန်းပိုင်းက တိုက်ခတ်ခဲ့သည့် ဖျက်အား ကမ္ဘာ့အဆင့် ၈ ရှိသော နာဂစ်စ်​ကဲ့သို့ ဆိုင်ကလုန်မုန်တိုင်းမျိုး ဖြစ်မလာနိုင်ဟု ရာနှုန်းပြည့် ပြောမရကြောင်းလည်း ဒေါက်တာထွန်းလွင်က မတ်လ ၃၀ရက်က သတိပေးပြောထားသည်။

လွန်ခဲ့သည့်ရက်ပိုင်းက ရခိုင်ကမ်းရိုးတန်းဒေသကို ဦးတည်တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မာရသာကြောင့် ရခိုင်ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် ထိခိုက်ပျက်ဆီးမှုများရှိခဲ့သည်။

Mizzima

No comments:

Post a Comment