Latest News

Tuesday, April 18, 2017

အမေရိကန်အပေါ် လက်ဦးမှုရရန် စဉ်းစားနေဟု မြောက်ကိုရီးယား ပြော

အမေရိကန်အပေါ် လက်ဦးမှုရရန် စဉ်းစားနေဟု မြောက်ကိုရီးယား ပြော


မြောက်ကိုရီးယားဟာ အမေရိကန်အပေါ် လက်ဦးမှုရယူဖို့ စဉ်းစားနေတယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတဦးက ဧပြီ ၁၇ ရက်နေ့မှာ ပြောလိုက်ပါတယ်။

တကယ်လို့ အမေရိကန်က ဆီးရီးယားလေဆိပ်ကို တိုက်ခိုက်ခဲ့တာဟာ မြောက်ကိုရီးယားကို သတိပေးချင်တာဆိုရင်တော့ မှားယွင်းတယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂရဲ့ တားမြစ်ပိတ်ပင်မှုတွေကို ပုန်ကန်တဲ့အနေနဲ့ ဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုထိ ရောက်အောင် ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေလည်း စမ်းသပ်အောင်မြင်ခဲ့ပြီလို့ မြောက်ကိုရီးယားက ပြောပါတယ်။

ဧပြီ ၁၆ ရက်နေ့မှာ မြောက်ကိုရီးယားက စမ်းသပ်ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ကတော့ ပစ်လွှတ်ပြီး ခဏအကြာမှာ ပေါက်ကွဲခဲ့ပါတယ်။

ဧပြီ ၁၇ ရက်နေ့က အမေရိကန် ဒုသမ္မတ မိုက်ပန့်စ်က မြောက်ကိုရီးယားရဲ့ အနီးကပ် မဟာမိတ် ဆီးရီးယားနဲ့ အာဖဂန်တို့ကို တိုက်ခိုက်ခဲ့တာတွေနဲ့ ပတ်သက်လို့ သမ္မတ ထရမ့်ရဲ့ အစိုးရကို လျှော့မတွက်ဖို့ သတိပေးစကား ပြောခဲ့ပါတယ်။

DVB

No comments:

Post a Comment