Latest News

Tuesday, April 4, 2017

စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု ဦးစားပေး မြှင့်တင်မည်

စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု ဦးစားပေး မြှင့်တင်မည်
 
စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေကို ရင်းနှီးမြှုပ်နှံမှုအတွက် ဦးစားပေးမြှင့်တင်မယ့် ကဏ္ဍတွေအနေနဲ့  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ထုတ်ပြန်လိုက်ပါတယ်။

ရင်းနှီးမြှုပ်နှံမှုအတွက် ဦးစားပေးမြှင့်တင်မယ့် ကဏ္ဍတွေထဲမှာ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတွေအပြင် တန်ဖိုးမြှင့်ဆပ်စပ် ထုတ်ကုန်များ၊ စက်မှုဇုန်တည်ဆောက်ရေး၊ အခြေခံအဆောက်အအုံ လမ်းတံတား၊ ဝန်ဆောင်မှုလုပ်ငန်း စတဲ့ ကဏ္ဍပေါင်း  ၉၀ ကျော် ပါဝင်ပါတယ်။

အဲဒီထုတ်ပြန်ချက်ကို ပြည်ထောင်စုအစိုးရရဲ့ အတည်ပြုချက်နဲ့ ထုတ်ပြန်ချက်နဲ့ ဧပြီလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

သတင်း – AMIA

DVB

No comments:

Post a Comment