Latest News

Tuesday, April 4, 2017

မြန်မာ့သရက် ပြည်ပဈေးကွက် ချဲ့ထွင်ရန်လိုအပ်နေ

မြန်မာ့သရက် ပြည်ပဈေးကွက် ချဲ့ထွင်ရန်လိုအပ်နေ

သရက်စိုက်ဧက နှစ်စဉ်တိုးလာပြီး သရက်အထွက်နှုန်း မြင့်တက်လာပေမယ့် ပြည်ပကို တင်ပို့တဲ့ သရက်သီးတန်ချိန် ၃ နှစ်အတွင်း ထက်ဝက်ကျော် လျော့ကျသွားတယ်လို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီနှစ်မှာ ပြည်ပကို သရက်သီးတန်ချိန် နှစ်သောင်းကိုးထောင်ကျော် အမေရိကန်ဒေါ်လာ ဆယ်သန်းကျော် တင်ပို့ နိုင်ခဲ့ပေမယ့် အရင်နှစ်တွေနဲ့ ယှဉ်ရင် ထက်ဝက်ကျော် လျော့နည်းသွားတာ ဖြစ်တယ်လို့ ပို့ကုန်မြှင့်တင် ရေးဦးစီးဌာန ညွှန်ကြားရေးမှုး ဦးမျိုးသူက ပြောပါတယ်။

မြန်မာ့သရက်ကို ပြည်ပဈေးကွက် ထပ်မံချဲ့ထွင်ဖို့လိုအပ်နေပြီး ဒီနှစ်ပိုင်းတွေမှာ တရုတ်ကိုသာ အဓိက တင်ပို့ နေရတာ ဖြစ်ပါတယ်။

သတင်း- AMIA

DVB

No comments:

Post a Comment