Latest News

Friday, April 21, 2017

ပြည်ပမှ မှာယူထားသည့် ဘတ်စ်ကားသစ်များ ရောက်ရှိ

ပြည်ပမှ မှာယူထားသည့် ဘတ်စ်ကားသစ်များ ရောက်ရှိ

ရန်ကုန်မြို့ ခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ပုဂ္ဂလိကယာဉ်လိုင်း ကုမ္ပဏီတခုဖြစ် သည့် ဘက်စုံမြင်ကွင်းကုမ္ပဏီမှ ပြည်ပမှ မှာယူတင်သွင်းလာသော ဘတ်စ်ကားသစ်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ထံမှ သိရသည်။

ရန်ကုန်မြို့ YBS ယာဉ်လိုင်းများတွင် ၀င်ရောက်ပြေးဆွဲရန်အတွက် အစိုးရမှ ၀ယ်ယူထားသော ဘတ်စ်ကားအစီး ၁၀၀၀ အပြင် ပုဂ္ဂလိကယာဉ်လိုင်းကုမ္ပဏီများကလည်း ဘတ်စ်ကားများဝယ်ယူလျက်ရှိရာ ဘက်စုံမြင်ကွင်း ကုမ္ပဏီမှလည်း အစီး ၁၀၀၀ ခန့် ၀ယ်ယူထားကြောင်း သိရသည်။

''အစိုးရအနေနဲ့ ကားသစ် ၁၀၀၀ ၀ယ်တယ်။ ကုမ္ပဏီတွေကလည်း ၀ယ်တာ တွေရှိနေတယ်။ YBPC နဲ့ YUPT ကလည်း ၀ယ်တာတွေရှိတယ်။ အခု ဘက်စုံမြင်ကွင်းကုမ္ပဏီကလည်း ၀ယ်တာတွေနဲ့ဆိုတော့ တဖြည်းဖြည်းနဲ့ ကားတွေရောက်လာပြီး အဟောင်းတွေနေရာမှာ အစားထိုးသွားမယ်။ ရန်ကုန်ရဲ့ဘတ်စ်ကား လိုအပ်ချက်က အစီး ၄၅၀၀ လောက်ဆိုတော့ ဒီလိုအပ်ချက်ကို ပြည့်မီဖို့ ဒီလပိုင်းတွေအတွင်းမှာ ဖြည့်ဆည်းသွားမှာ ဖြစ်ပါ တယ်''ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတဦး က ပြောသည်။

လက်ရှိတွင်  မြန်မာအစိုးရက တရုတ်နိုင်ငံအစိုးရနှင့် ချိတ်ဆက်ဝယ်ယူခဲ့သော ဘတ်စ်ကားသစ်အစီး ၁၀၀၀ မှာ မေလကုန်ပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဟု သိရသည်။ ယင်းအပြင် ကုမ္ပဏီများမှ ၀ယ်ယူထားသော ကားများလည်း ရောက်ရှိလာလျက်ရှိကြောင်း သိရသည်။

ပုဂ္ဂလိကယာဉ်လိုင်းကုမ္ပဏီ တခုဖြစ်သော ဘက်စုံမြင်ကွင်းကုမ္ပဏီသည် ယခင်က မေတ္တာလှိုင်းယာဉ်လိုင်းအမည်ဖြင့် ခရီးသည်ပို့ဆောင်ရေး လုပ်ငန်း များကို ဆောင်ရွက်ခဲ့သည်။  

News Watch

No comments:

Post a Comment