မီနီဘတ်စ်နဲ့ ကုန်တင် ထရပ်ကားတို့ တိုက်မိ ခဲ့တဲ့အတွက် ကလေး အနည်းဆုံး ၁၉ ယောက် သေဆုံး
တောင်အာဖရိက နိုင်ငံမှာ ကျောင်းသား ကလေးငယ်တွေကို တင်ဆောင်လာတဲ့ မီနီဘတ်စ်နဲ့ ကုန်တင် ထရပ်ကားတို့ တိုက်မိ ခဲ့တဲ့အတွက် ကလေး အနည်းဆုံး ၁၉ ယောက် သေဆုံး သွားရတယ်လို့ အရေးပေါ် ကယ်ဆယ်ရေး လုပ်ဆောင် နေသူတွေက ပြောပါတယ်။
ပရက်တိုးရီးယား မြို့တော် အနီး ယာဉ် ၂ စင်း တိုက်မိ ခဲ့ကြတာ ဖြစ်ပြီး၊ ကျောင်းမီနီ ဘတ်စ် မီးလောင် ပေါက်ကွဲကာ ဘေးတစောင်း လဲကျ ခဲ့ပါတယ်။
မီနီဘတ်စ် မောင်းသူ သေဆုံး သွားပြီး၊ ထရပ်ကား ဒရိုင်ဘာ အသက်ရှင် တယ်လို့ ရဲက ပြောပေမယ့်၊ ဘာကြောင့် ယာဉ်တိုက်မှု ဖြစ်ခဲ့ရသလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရ သေးပါဘူး။ BBC
Subscribe to:
Post Comments (Atom)
No comments:
Post a Comment