Latest News

Monday, April 24, 2017

မလုပ်သင့်တာလုပ်ရင် အမေရိကန်က တုန့်ပြန်မည်

မလုပ်သင့်တာလုပ်ရင် အမေရိကန်က တုန့်ပြန်မည်

မြောက်ကိုရီးယားအနေနဲ့ အမေရိကန်စစ်အခြေစိုက် စခန်းတခုခု ကို တိုက်ခိုက်လာရင်ပဲဖြစ်ဖြစ်၊ တိုက်ချင်းပစ် ဒုံးပျံ စမ်းသပ်ရင်ပဲဖြစ်ဖြစ်၊ စစ်ရေးအရ တုံ့ပြန်ခံရမှာဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ ကုလသမဂ္ဂ ဆိုင်ရာ သံအမတ်ကြီး မစ္စနစ်ကီ ဟာလေ က ပြောကြားလိုက်ပါတယ်။

ရုပ်မြင်သံကြား တွေ့ဆုံမေးမြန်းတဲ့အစီအစဉ် အတော်များများမှာ သူကပြောဆိုခဲ့တာပါ။

ဒါ့ပြင် ဒုံးပျံစမ်းသပ်တာတွေ ဆက်မလုပ်ဖို့ မြောက်ကိုရီးယားကို ဖိအားပေးနေတဲ့ တရုတ်ပြည်ကို ဟာလေ က ချီးကျူးပြောဆိုပြီး၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီး ကိုတော့ အရာရာကို ယုံမှားသံသယလွန်ကဲပြီး မတည်မငြိမ် ယောက်ယက်ခတ်နေသူ အဖြစ် ပြောဆိုခဲ့ပါတယ်။

အမေရိကန်ဘက်ကအခြေအနေဲ့ပတ်သက်ပြိး NBC ရုပ်သံသတင်းက မေးမြန်းရာမှာတော့ ကင်ဂျုံအီး အနေနဲ့ စစ်အခြေစိုက်စခန်းတခုကို တိုကိခိုက်လာတာနဲ့၊  တိုက်ချင်းပစ်ဒုံးပျံတစင်း တက်လာတာတွေ့ရတာနဲ့ ကိုယ့်ဘက် က တုံ့ပြန်မှာပါ လို့ မစ္စ ဟာလေ က ပြောသွားပါတယ်။ RFA

No comments:

Post a Comment