Latest News

Monday, April 24, 2017

၂၀၂၀ ပြီးရင် မန္တလေးက လက်ရှိနဲ့မတူအောင် လုံးဝပြောင်းသွားမယ်

‘၂၀၂၀ ပြီးရင် မန္တလေးက လက်ရှိနဲ့မတူအောင် လုံးဝပြောင်းသွားမယ်’’
မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်နဲ့တွေ့ဆုံခြင်း

Byမောင်ဉာဏ
On  Sat, 2016-04-23 06:30
Issue No.No.1067 Saturday, April 23, 2016

မျက်စိဆရာဝန်ကြီး ဒေါက်တာရဲလွင်ဟာ မန္တလေးမြို့တော်ဝန်အဖြစ်ခန့်အပ်တာဝန်ပေးခံပြီးပြီးချင်းမှာပဲ ဝေဖန်မှုများစွာခံခဲ့ရပါတယ်။မန္တလေးတိုင်းဝန်ကြီးချုပ်ရဲ့ အရင်းနှီးဆုံးသူငယ်ချင်း ဒေါက်တာရဲလွင်ဟာ ဝေဖန်မှုတွေကြားထဲကနေ မြို့တော်ဝန်တာဝန်ကို ထမ်းဆောင်နေပါပြီ။ ဘာကြောင့် အဝေဖန်ခံရတယ်၊ မြို့ စည်ပင်သာယာရေးအတွက် ဘာတွေဆောင်ရွက်သွားမယ်ဆိုတာကို 7Day သတင်းစာရဲ့ ပင်တိုင် ဆောင်းပါးရှင်တစ်ဦးဖြစ်တဲ့ မောင်ဉာဏက ဧပြီ ၂၀ရက်မှာ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။

မင်္ဂလာနှစ်သစ်ပါ မြို့တော်ဝန် ခင်ဗျာ။

မင်္ဂလာနှစ်သစ်ပါ။

မြို့တော်ဝန်အဖြစ် စတင်တာဝန် ထမ်းဆောင်နေပြီလား။

ဧပြီ ၅ ရက်ညနေမှာ စခန့် တယ်။ ၆ ရက်မှာ ရုံးစထိုင်တယ်။ ကော်မတီဝင်တွေနဲ့ ဌာနမှူးတွေ နဲ့ ၆၊ ၇၊ ၈ ရက်မှာ တွေ့ပါတယ်။ တွေ့ပြီး သူတို့လုပ်ရတာတွေကို အကြမ်းဖျင်းရှင်းပြတယ်။ စခန့် အပ်ခံရကတည်းက သင်္ကြန်တွင်း လည်း မနားခဲ့ပါဘူး။ ဆက်တိုက် ထမ်းဆောင်နေပါပြီ။

ဘာကြောင့် ဒီရာထူးကို လက်ခံခဲ့ တယ်ဆိုတာ ပြောလို့ရမလား။

လေးကြိမ်အထိ ကမ်းလှမ်းခံ ခဲ့ရပါတယ်။ လေးကြိမ်အထိ ငြင်းခဲ့ပါသေးတယ်။ နောက်တစ်ကြိမ် ကျမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနစ်နာခံဆောင်ရွက်မှုတွေကြောင့် လုပ်မယ်ဆိုပြီး လက်ခံလိုက်တာပါ။

     နောက်ပြီး တိုင်းပြည်တိုးတက် စေချင်တဲ့ဆန္ဒနဲ့ ကျွန်တော်အင် မတန်ချစ်တဲ့ ဆေးပညာ၊ များစွာဝင်ငွေရှိတဲ့ ဆေးကုသရေးလုပ် ငန်းကြီးကို စွန့်လွှတ်ပြီး လာခဲ့တာ ဖြစ်ပါတယ်။

ကော်မတီဝင်တွေနဲ့ ဌာနမှူးတွေ တွေ့တော့ စည်ပင်နဲ့ပတ်သက် ပြီး ဘာထူးခြားမှုတွေ ကြားခဲ့လဲ၊ သိခဲ့လဲ ခင်ဗျ။

မန္တလေးစည်ပင်မှာ ဝန်ထမ်း မလုံလောက်မှု၊ နည်းပညာပိုင်းမှာ မလုံလောက်မှုတွေ သတိထားမိ တယ်။ နောက်တစ်ခုက ဝန်ထမ်း တွေ အဂတိတရားကင်းဖို့အတွက် လုပ်ရမယ်လို့သိတယ်။ အခုဟာ က နေရာတိုင်းမှာ လာဘ်ပေး လာဘ်ယူက ဒီဂရီအမြင့်ဆုံး ရောက်သွားပြီ။ ကျွန်တော်က အဂတိတရားကို ဇီးရိုးဖြစ်စေချင် တယ်။ ဒါပေမဲ့ ဇီးရိုးအထိလုပ်ဖို့ မလွယ်ဘူး။ တဖြည်းဖြည်းလျှော့ ချသွားဖို့ လုပ်ရမယ်။

မြို့တော်ဝန်အနေနဲ့ ငါးနှစ်သက် တမ်းတာဝန်ယူရမယ်။ ဒီငါးနှစ်အ တွင်း မြို့အတွက် အဓိကလုပ် ပေးရမယ့်ဟာတွေက ဘာတွေ ဖြစ်မလဲ။

တချို့ဟာတွေက ရက် ၁၀၀ စီမံချက်ထဲပါသွားမယ်။ ကျန်တဲ့ ဟာတွေက ရက် ၁၀၀ ကျော်သွား ပြီး ငါးနှစ်အတွင်း ဆက်လုပ်ရ မယ့်ဟာတွေလည်းရှိမယ်။ မြို့အ မှိုက်သိမ်းစနစ်ကို လုံးဝပြောင်းပစ် မယ်။ နိုင်ငံတကာစံနှုန်းဖြစ် အောင် ကြိုးစားမယ်။ ဈေးတွေမှာ လည်း အမှိုက်စွန့်၊ အမှိုက်သိမ်း စနစ်ကို ပြင်သွားမယ်။ အမှိုက် သိမ်းကားတွေလည်း အင်တာနေ ရှင်နယ်အဆင့်ဖြစ်လာမယ်။ နောက်တစ်ခုက ရေပေးရေး။ မန္တလေးတစ်မြို့လုံး ရေရမယ့်စနစ်လုပ်မယ်။ အဓိကလုပ်ရမှာ က မန္တလေးမြို့ ရေစီး ရေလာ ကောင်းမွန်ရေးပဲ။ စင်ကာပူအ တိုင်းဖြစ်အောင် လုပ်မယ်။ ရွှေ တချောင်း၊ ငွေတချောင်းနဲ့ သင်္ဂဇာ ချောင်းတွေသည် Undergroundစနစ်ဖြစ်လာမယ်။ ပိုက်လိုင်းစနစ် ဖြစ်မယ်။ အဲဒီလို မြေအောက် စနစ်လုပ်လိုက်တဲ့အတွက် အပေါ်ကနေ စလစ်ပြင်တွေလောင်း လိုက်ရင် ကားပါကင်တွေ၊ ဆိုင်ခန်းငယ်တွေ၊ ကစားကွင်းတွေ၊ ကျန်းမာရေးအတွက် လေ့ကျင့်ဖို့ နေရာတွေ ထွက်လာမယ်။ ဒါတွေက ငါးနှစ်အတွင်း မပြီးတောင် ပြီးနိုင်သမျှပြီးအောင် အကောင်အ ထည်ဖော်မယ်။ မန္တလေးမှာ Public Transportation လုံးဝ မကောင်းဘူး။ အဲဒါ လုပ်မယ်။ ၂၁ ယောက်စီး မီနီဘတ်စ်တွေ မြို့ထဲပြေးဆွဲမယ်။ ပြီးတော့ MCDC (မန္တလေးးစည်ပင်)မှာ E-Department လုပ်ဖို့ကြိုးစား နေပါတယ်။ ဌာနအားလုံးကို E-Department ဖြစ်အောင်လုပ် မယ်။ နောက်တစ်ခုက အခွန်ကင်း လွတ်နေတာတွေ သေချာလုပ် မယ်။ အခွန်ကင်းလွတ်နေတာ နှစ်မျိုးရှိပါတယ်။ တစ်ခုက မကောက်ရသေးတာ။ နောက် တစ်ခုက ကောက်တယ် မဝင် တာ။ အခွန်ကောက်စနစ်ကို နိုင်ငံတကာအကူအညီတွေနဲ့ စနစ်တကျလုပ်မယ်။

မန္တလေးမြို့တွင်းက စီမံကိန်း တချို့ကို မြို့ခံတွေက ဝေဖန်တာတွေရှိ နေပါတယ်။ ဒါတွေကိုကော ဘယ်လိုလုပ်သွားမလဲ။

စီမံကိန်းတွေရဲ့ စာချုပ်တွေ အကုန်လုံး ပြန်စစ်ဆေးဖို့ရှိပါ တယ်။ တကယ်လုပ်သလား၊ မလုပ်ဘူးလားပေါ့။ မြို့သာစီမံ ကိန်းတို့၊ မင်္ဂလာမန္တလေးစီမံကိန်း တို့ကိုလည်း ပြန်စစ်ဆေးမယ်။ ဥပမာ မန္တလေးကွန်ဗင်းရှင်းစင် တာဆို လုံးဝမကြိုက်ဘူး။ Inter-national စင်တာနဲ့ လုံးဝမတူဘူး။ ပြန်ပြင်ရ၊ မရ ကျွန်တော် သူတို့နဲ့ ပြန်ညှိနှိုင်းမယ်။

မြို့တော်ဝန်ခန့်အပ်ခံရပြီးနောက် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက် နှာမှာ တော်တော်ဝေဖန်ခံရတယ် နော်။ ဆေးကုသရာမှာ ပိုက်ဆံယူ တယ်။ အသပြာဆရာဝန်လို့ တောင် စွပ်စွဲခံရတာကို တွေ့ရပါ တယ်။ ကျွန်တော်သိချင်တာက အဲဒီဝေဖန်တာတွေဟာ ဟုတ် သလား၊ မဟုတ်ဘူးလား။

ပြောရတာ တော်တော်ခက် တယ်ဗျ။ ခက်တယ်ဆိုတာ ငွေယူ ကြမ်းတယ်ပေါ့။ ကြမ်းတယ်ဆို တာကလည်း တခြားဆေးခန်း သွားတဲ့ လူနာနဲ့ ကျွန်တော့်ဆေး ခန်းလာတာ ကုန်တာမတူဘူး။ မတူသလို ရောဂါပျောက်တာ လည်း မတူပါဘူး။ ကျွန်တော့် ဆေးခန်းမှာ သုံးတဲ့ပစ္စည်းပေးတဲ့ ဆေးဝါးလည်း မတူပါဘူး။ ဥပမာ မျက်မှန်စမ်းတဲ့ ပစ္စည်းကိရိယာဆို သုံးနှစ်ပဲသုံးတယ်။ ပြီးရင် Updateကိရိယာပြန်ဝယ်ဖြည့်တယ်။ ကျွန် တော့်လူနာကို International Service ပေးပါတယ်။ ဆေးခန်း မှာ ကုန်ကျစရိတ်များတယ်ဆိုတာ မျက်စိမှာ ဆေး Quality မကောင်း ရင် ပျက်စီးတတ်တယ်။ အဲဒါ အ ရမ်းအရေးကြီးတယ်။ သတိလည်းထားတယ်။ ကောင်းတဲ့အမေရိ ကန်ဆေး၊ အနိမ့်ဆုံးတောင်ကိုရီး ယားဆေးပဲသုံးတယ်။ အဲဒါတွေ ကြောင့် ငွေကြေးပေးရတယ်လို့ ဝေဖန်ခံရတာပါ။ ကျွန်တော် သရုပ်ပြကနေ ဌာနမှူးအထိ ပြီး တော့ ဆေးရုံမှာ လုပ်ခဲ့တယ်။ ဆေးရုံမှာ ဝန်ထမ်းတွေကို ဘယ် လိုအုပ်ချုပ်တယ်။ လူနာတွေကို ဘယ်လို Care လုပ်တယ်။ အဂတိ ဘယ်လောက်ကင်းတယ်ဆိုတာ အကုန်သိတယ်။ ဒါကြောင့် ကျွန်တော့်ကို သေသေချာချာ တိတိကျကျထောက်ပြပါ။ ဒီနေ့ ထောက်ပြ လို့ရရင် ဒီနေ့အလုပ်ထွက်မယ်။

မြို့တော်ဝန်အနေနဲ့ သက်တမ်း ငါးနှစ်ထမ်းဆောင်ရမယ်။ ဆို တော့ ငါးနှစ်သက်တမ်းအပြီး ၂၀၂၀ လောက်ဆိုရင် မန္တလေးမြို့ က ဘယ်လိုပုံစံဖြစ်လာနိုင်မလဲဗျ။

နိုင်ငံတကာမှာ ကျွန်တော် တို့မြို့က အောက်ဆုံးအဆင့်မှာ ရှိနေတယ်။ ကျွန်တော်ရည်မှန်း ထားတာတော့ စင်ကာပူလောက် တော့ လုပ်လို့မရနိုင်သေးဘူး။ ဒါ ပေမဲ့ ကမ္ဘောဒီးယားတို့၊ ဗီယက် နမ်တို့ထက်တော့ သာအောင်လုပ် ခဲ့မယ်။ ဗီယက်နမ်ဆို ကျွန်တော် တို့ထက် တော်တော်သာနေပြီ။ စင်ကာပူမမီသေးတောင် နောက် မီလာအောင် အခြေခံဖောင်ဒေး ရှင်းတွေ ချပေးသွားမယ်။ အဲဒီ တော့ ၂၀၂၀ ပြီးရင် မန္တလေးက လက်ရှိနဲ့မတူအောင် လုံးဝပြောင်း သွားမယ်။

အရင်အစိုးရလက်ထက်တုန်းက လို အကြံပေးအဖွဲ့ထပ်ဖွဲ့သွားဖို့ ရှိပါသလား။

ရှိပါတယ်။ ဖွဲ့မှာပါ။ ဥပဒေ ပညာရှင်၊ အင်ဂျင်နီယာ၊ ကွန်ပျူ တာပညာရှင် စသဖြင့် အကုန်ပါ အောင်လုပ်ပါမယ်။

အရင်အစိုးရလက်ထက်တုန်းက ဝန်ကြီးချုပ်က မြို့တော်ဝန်အပေါ် လွှမ်းမိုးမှုများခဲ့တယ်လို့ ဝေဖန်သံ တွေ ထွက်ခဲ့တယ်။ လက်ရှိမှာ လည်း မြို့တော်ဝန်က ဝန်ကြီးချုပ် နဲ့ သူငယ်ချင်းဆိုတော့ မြို့တော် ဝန်တစ်ယောက်အနေနဲ့ ဝန်ကြီး ချုပ်လွှမ်းမိုးမှုနည်းပြီး လွတ်လပ် စွာ စီမံခန့်ခွဲနိုင်မယ်ထင်လားဗျ။

လုံးဝဥဿုံ လွတ်လပ်စွာ လုပ်နိုင်မယ်လို့ ယူဆတယ်။ ဘာ ကြောင့်လဲဆိုတော့ ဝန်ကြီးချုပ်ရဲ့ စိတ်အရင်းခံကို သိလို့။ အဲဒါ ကြောင့် ဒီရာထူးကို လက်ခံခဲ့တာ ပါ။ ကျွန်တော်ကလည်း သူကိုယုံ ကြည်၊ သူကလည်း ကျွန်တော့်ကို ယုံကြည်ပါတယ်။

မန္တလေးမြို့တော်သူ၊ မြို့တော်သားတွေကို ဘာများပြောချင်ပါလဲ။

ကျွန်တော် တိုင်းပြည်အ တွက် အရာရာစွန့်လွှတ်ပြီးလာခဲ့ တာပါ။ ကျွန်တော် မြို့ဖွံ့ဖြိုးဖို့အ တွက် နေ့မအား ညမအား လုပ် သွားပါမယ်လို့ သတင်းစကားပါး ချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment