Latest News

Monday, April 24, 2017

မြောက်ကိုရီးယားအရေး သည်းခံချုပ်တည်းဖို့ ရှီကျင်ပင်း ပြော

မြောက်ကိုရီးယားအရေး သည်းခံချုပ်တည်းဖို့   ရှီကျင်ပင်း ပြော

သက်ဆိုင်ရာ နိုင်ငံအသီးသီးအနေနဲ့ သည်းခံချုပ်တည်းပြီး ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ပိုများလာစေမယ့် လုပ်ရပ်တွေကို ရှောင်ကြဉ်ကြဖို့ တရုတ် အစိုးရအနေနဲ့ မျှော်လင့်ပါတယ်လို့ တရုတ်သမ္မတ ရှီကျင်ပင်းက အမေရိကန်သမ္မတ ထရမ့်ကို ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားတပ်မတော် ထူထောင်တဲ့ ၈၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မနက်ဖန် ဧပြီ ၂၅ ရက်မှာ မြောက်ကိုရီးယားက နောက်ထပ်နူကလီးယား သို့မဟုတ် ဒုံးပျံစမ်းသပ်မှုပြုလုပ်မှာကို စိုးရိမ် နေကြချိန်မှာ သမ္မတ နှစ်ဦးတို့ ဖုန်းပြောခဲ့ကြတာ ဖြစ်ပါတယ်။

အမေရိကန် လေယာဉ်တင် သင်္ဘောကြီး Carl Vinson ဦးဆောင်တဲ့ စစ်သင်္ဘောအုပ်စုက အခုချိန်မှာ ကိုရီးယား ကျွန်းဆွယ အနီး ပင်လယ်ပြင်မှာ စစ်ရေးလေ့ကျင့်မှု လုပ်ဖို့ သွားနေချိန်လဲ ဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလဲ အမေရိကန်သမ္မတနဲ့ ဖုန်းပြော ဆွေးနွေးခဲ့ပြီး မြောက်ကိုရီးယား အရေးနဲ့ ပတ်သက်ရင် သမ္မတ ထရမ့် အစိုးရနဲ့ ပိုပြီးနီးကပ်စွာ လက်တွဲသွားမယ်လို့ သဘောတူညီပြီးဖြစ်တယ်လို့ြေေပြောကြားလိုက်ပါတယ်။RFA

No comments:

Post a Comment