Latest News

Saturday, April 1, 2017

တစ်လအတွင်း ကျပ်သန်းတစ်သောင်းခွဲဖိုးရောင်းချခဲ့ရတဲ့ ငါးရာတန်ထီ

တစ်လအတွင်း ကျပ်သန်းတစ်သောင်းခွဲဖိုးရောင်းချခဲ့ရတဲ့ ငါးရာတန်ထီ

မြန်မာ့ထီသမိုင်းမှာ စံချိန်တင် ရောင်းချနိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့ မတ်လကစပြီး ရောင်းချခဲ့တဲ့ ကျပ်ငါးရာတန် အောင်ဘာလေထီက ကျပ်သန်း ၁၅,၀၀၀ ခန့် (၁၅ ဘီ လီယံခန့်) အထိ စံချိန်တင်ရောင်းချနိုင်ခဲ့ရတယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေ သိန်းဆုဌာနခွဲကနေ သိရပါတယ်။

ရောင်းချခဲ့ရတဲ့ ထီလက်မှတ်စောင်ရေက အရင်ကျပ်နှစ်ရာတန် ထီစောင်ရေကို ကျော်လွန်တာမရှိသေးပေမယ့် ရောင်းချရရှိတဲ့ ငွေပမာဏက အမြင့်ဆုံးအခြေအနေကို ရောက်ရှိခဲ့တယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။

‘‘လက်ရှိကျပ် ငါးရာတန် ထီက အက္ခရာ ၃၆ လုံးအထိ ဖြန့်ဖြူး ရောင်းချနိုင်တာ များတယ်လို့ ပြောလို့ရတယ်။ ကျပ်နှစ်ရာတန် ထီကို အက္ခရာလုံးရေ ၄၀ ကျော် အထိ ရောင်းခဲ့ဖူးတဲ့စံချိန် ရှိနေတော့ အဲဒီပမာဏကိုတော့ မကျော်သေးဘူး။ ထီလက်မှတ်တန်ဖိုးကျတော့ သူက ပိုများတာကြောင့် ရောင်းချရရှိတဲ့ ငွေပမာဏကတော့ အများဆုံးဖြစ်လာတယ်။ ဒါကြောင့်လည်း ဆုကြီးနဲ့ ဆုအရေအတွက် တိုးပေးနိုင်တာပေါ့"လို့ ဦးမင်းထွဋ်က ပြောပါတယ်။

မတ်လတစ်လအတွင်း ကျပ်ငါးရာတန်ထီစာအုပ်ပေါင်း သုံးသန်းခန့် (၂,၉၄၅,၄၄၈ အုပ်)၊ ထီလက်မှတ် စောင်ရေ သိန်းသုံးရာကျော် (၃၂,၃၉၉,၉၂၈ စောင်)ရောင်းချနိုင်ခဲ့တယ်လို့   အောင်ဘာလေသိန်းဆု ဌာနခွဲက သတင်းထုတ်ပြန်ထားပါတယ်။

ယခုရောင်းချရရှိသည့် ငွေ ကျပ်သန်းပေါင်း ၁၅,၀၀၀ ထဲက ကျပ် ၈,၈၃၆ ဒသမ ၃၄၄ သန်းကို ဧပြီ ၁ ရက်မှာ ဆုငွေအဖြစ် ခွဲဝေ ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။

ဧပြီ ၁ ရက်မှာ ဖွင့်လှစ်ခဲ့တဲ့ ကျပ်ငါးရာတန်ထီရဲ့ အမြင့်ဆုံးကျပ်သိန်းတစ်သောင်းဆုကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ နေထိုင်တဲ့  ဦးစံရွှေခိုင်က ပထမဆုံးဆွတ်ခူးနိုင်ခဲ့ပါတယ်။

အောင်ဘာလေသိန်းဆုဌာနက သိန်းငါးထောင်တစ်ဆု၊ သိန်းတစ်ထောင့်ငါးရာတစ်ဆု၊ သိန်းတစ်ထောင်တစ်ဆု၊ သိန်းတစ်ရာ ၃၇ ဆု၊ သိန်းငါးဆယ် ၃၉ ဆု၊ ဆယ်သိန်း ၄၁ ဆုနှင့် ပဒေသာဆုမဲများထဲမှ ကျပ်သုံးသိန်း ၁၀၀ ဆု၊ ကျပ်နှစ်သိန်း ၁,၀၀၀ ဆု၊ ကျပ်တစ်သိန်း ၂၉,၀၀၀ ဆု၊ ကျပ်ငါးသောင်း ၇၀,၀၀၀ ဆုတို့ ခွဲဝေချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။
Source & Photo : 7DayDaily:Duwun

No comments:

Post a Comment