Latest News

Thursday, April 20, 2017

အငှားယာဉ်အသုံးပြုပြီး လုယက်မှုအကြိမ်ကြိမ်ကျူးလွန်သူများ အား ဖော်ထုတ်ဖမ်းဆီး

အငှားယာဉ်အသုံးပြုပြီး လုယက်မှုအကြိမ်ကြိမ်ကျူးလွန်သူများ အား ဖော်ထုတ်ဖမ်းဆီး


ရန်ကုန် ဧပြီ ၁၈

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ ဒုတိယရဲမှူး အောင်မြတ်စိုးနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး အတွင်း အငှားယာဉ်များအသုံးပြုပြီး လုယက်မှုကျူးလွန်သူများကို ဖမ်းဆီး ရမိရေးအတွက် သတင်းစုံစမ်း ထောက်လှမ်းခဲ့ရာ လှိုင်သာယာမြို့ နယ်နေ ဇင်ကိုလတ်ဆိုသူမှာ အပေါင်း အသင်းများနှင့်အတူ အုပ်စုဖွဲ့၍ အငှားယာဉ်များဖြင့် လုယက်မှုများ ကျူးလွန်ခဲ့ကြောင်း သတင်းစုံစမ်း အတည်ပြုရရှိခဲ့သည်။

သတင်းရရှိထားသူ ဇင်ကိုလတ်မှာ ထွက်ပြေးတိမ်းရှောင်နေပြီး ပြစ်မှု ကျူးလွန်ရာတွင်ပါဝင်သူ လှိုင်သာယာ မြို့နယ်နေ ဇေယျာထက်နှင့် ရဲလင်းအောင်တို့အား ဧပြီ ၆ ရက် နံနက် ၃ နာရီက လှည်းကူးမြို့နယ် တွင် လည်းကောင်း၊နံနက် ၉ နာရီတွင် အောင်ကျော်မြင့်အား လှိုင်သာယာမြို့ နယ်တွင်လည်းကောင်း၊ ရဲဝင်းနောင် အား မွန်ပြည်နယ် ရေးမြို့တွင် လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများသည် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလက ဝေဖြိုးဆိုသူနှင့်အတူ 2H/---Probox အငှားယာဉ် ဖြင့် မြောက်ဥက္ကလာပမြို့နယ်တွင် အမျိုးသားတစ်ဦးထံမှ Oppo လက်ကိုင်ဖုန်း တစ်လုံး၊ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီနှင့် မတ်လများအတွင်းက 2H/---Probox အငှားယာဉ်ဖြင့် သင်္ဃန်းကျွန်းဈေးတွင် အမျိုးသား တစ်ဦးထံမှ သုံးကျပ်သားခန့်ရှိ ရွှေဆွဲ ကြိုးတစ်ကုံးနှင့် ရွှေကြုတ်တစ်ခု၊ သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန် လမ်းတွင် အမျိုးသမီးတစ်ဦး လွယ်ထား သော ငွေကျပ် ၁၃ သိန်းနှင့်SONY လက်ကိုင်ဖုန်း တစ်လုံးတို့ ပါရှိသည့် စလင်းဘတ်အိတ် တစ်လုံး၊7E/----Probox အငှားယာဉ်ဖြင့် သင်္ဃန်းကျွန်း မြို့နယ်တွင် အမျိုးသားတစ်ဦးထံမှ လက်ကိုင်ဖုန်း တစ်လုံး၊ လေးထောင့် ကန်လမ်းတွင် အမျိုးသားတစ်ဦးထံမှSAMSUNG အမျိုးအစားTablet တစ်လုံး၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ဈေးအနီး အမျိုးသား တစ်ဦးထံမှSAMSUNG Galaxy Mega II လက်ကိုင်ဖုန်း တစ်လုံး၊ အဆိုပါနေရာတွင် အမျိုးသမီးတစ်ဦး ထံမှ လက်ကိုင်ဖုန်းတစ်လုံးပါ စလင်း ဘတ်အိတ်၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင် လမ်းတွင် အမျိုးသမီး တစ်ဦးထံမှ ရွှေလက်ကောက်၊ ရွှေလက်စွပ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ ထည့်ထား သော စလင်းဘတ်အိတ်တို့ကို လုယက် ခဲ့ကြကြောင်း စစ်ဆေးဖော်ထုတ် ရရှိခဲ့သည်။

အလားတBB-Probox အငှား ယာဉ်ဖြင့် ဇင်ကိုလတ်နှင့်အတူ မင်္ဂလာဒုံမြို့နယ်အတွင်း ဆိုင်ကယ် နောက်တွင်ထိုင်စီးလာသူ အမျိုးသမီး တစ်ဦးထံမှ လက်ကိုင်ဖုန်းနှစ်လုံး ထည့်ထားသော စလင်းဘတ်အိတ်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အမျိုးသား တစ်ဦးထံမှ ကျောပိုးအိတ် တစ်လုံး၊ မြောက်ဥက္ကလာမြို့နယ်တွင် အမျိုးသားတစ်ဦးထံမှ Honor လက်ကိုင်ဖုန်း တစ်လုံးတို့ကို လုယက် ခဲ့ကြကြောင်း ပေါ်ပေါက်ခဲ့သည်။

အငှားယာဉ်များကို အသုံးပြုပြီး လုယက်မှုများကို အကြိမ်ကြိမ်ကျူးလွန် ခဲ့ကြသူ ဇေယျာထက်ပါ လေးဦးတို့ထံ မှ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြု ခဲ့သော မော်တော်ယာဉ်များနှင့် သက်သေခံပစ္စည်းများအား သိမ်းဆည်း ရမိခဲ့ပြီး သက်ဆိုင်ရာရဲစခန်းများတွင် လုယက်မှုများဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိသည်။ ထွက်ပြေး တိမ်းရှောင်နေသူ ဇင်ကိုလတ်နှင့် ဝေဖြိုးတို့ နှစ်ဦးကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment