မိုးညှင်းဒီဂရီကောလိပ်ကို တက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ရန် ပြည်နယ်လွှတ်တော်တွင်အတည်ပြု
မိုးညှင်း၊ ဧပြီ ၁၉
ကချင်ပြည်နယ်တွင် ခရိုင်(၄)ခရိုင်ရှိပြီး၊ (၁)ခရိုင်ခြင်းအလိုက် လူဦးရေ အချိုးအစား မှာ၂၀၁၄ ခုနှစ် သန်းခေါင်း စာရင်းအရ မြစ်ကြီးနားခရိုင် ၅၃၁.၄၅၆၊ ဗန်းမော်ခရိုင် ၃၄၆.၅၂၀၊ ပူတာအိုခရိုင် ၉၁.၂၅၇ဖြစ်ပြီး မိုးညှင်း ခရိုင်မှာ ၆၇၃.၆၀၈ ဖြစ်၍ လူဦးရေအများဆုံးခရိုင်ဖြစ်ပြီး မိုးညှင်း ဒီဂရီကော်လိပ်၏ လက်ရှိ ကျောင်းသား ဦးရေမှာလည်း ၆၀၄၀ ရှိပြီး အခြားတက္ကသိုလ်များဖြစ်သည့် ကလေးတက္ကသိုလ်၊ မုံရွာတက္ကသိုလ်တို့ထက် ကျောင်း သား ဦးရေ ပိုများပြီး တက္ကသိုလ်အရည်အချင်းနှင့် လျော်ညီသောကြောင့် တက္ကသိုလ်ဖြစ်သင့်ကြောင်း ပြည်နယ် လွှတ်တော် တွင် မတ်လ(၂၉)ရက်နေ့က မိုးညှင်းမြို့နယ်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်အေးက အဆိုတင်သွင်းခဲ့ရာ ကန့်ကွက်သူမရှိကြောင်း သိရသည်။
“လွှတ်တော်မှာ ကတိကဝတ်ကော်မတီ ဆိုတာရှိတယ်။ အဆိုအောင် ရင်ဖြစ်ဖြစ်၊ မေးခွန်းလုပ်မေး ပါဆိုရင် ဝန်ကြီးက ပြန်ဖြေတာဖြစ်ဖြစ် လွှတ်တော် ထဲပါပြီဖြစ်လို့ လာမဲ့နှစ်ဘတ်ဂျက်မှာရေးဆွဲ ပေးရမှာပါ” လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ပြောသည်။
ကချင်ပြည်နယ်လူမှုရေး ဝန်ကြီး၏ ထောက်ခံမှု၊ လွှတ်တော်တစ်ခုလုံး၏ ထောက်ခံမှုအပြည့်ဖြင့် ပြည်ထောင်စု အစိုးရထံ တင်ပြပြီးဖြစ်ကြောင်း သိရသည်။
မိုးညှင်း ခရိုင်ပြန်/ဆက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment