Latest News

Saturday, April 15, 2017

မုန်တိုင်းကြောင့် ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်နှင့် ခရီးသည်တင်ရေယာဉ်များ ရပ်နားခိုင်းထား

မုန်တိုင်းကြောင့် ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်နှင့် ခရီးသည်တင်ရေယာဉ်များ ရပ်နားခိုင်းထား

ပုသိမ် ဧပြီ ၁၅ ရက်

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ကြောင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်း ဒေသကြီးအတွင်းက ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်နဲ့ ခရီးသည်တင် ရေယာဉ်တွေကို ဒီကနေ့ နေ့လည် ၁ နာရီကစတင်ရပ်နားခိုင်းထားတယ်လို့ ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဝင်းဌေးက ပြောပါတယ်။

ပင်လယ်ပြင်မှာရောက်ရှိနေတဲ့ ရေယာဉ်တွေအနေနဲ့ နီးစပ်ရာ အကာကွယ်ဖြစ်စေမယ့် ကမ်းရိုးတမ်းနဲ့ မြစ်ချောင်းတွေမှာ ရပ်နားထားဖို့ကိုလည်း သတိပေးချက်ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။ သင်္ကြန်ကာလအတွင်း ပင်လယ်ကမ်းခြေ အပန်းဖြေသူတွေအတွက်လည်း အန္တရယ်ကင်းရှင်းစေဖို့ သက်ဆိုင်ရာမြို့နယ်အလိုက်ညွန်ကြားထားတယ်လို့ပြောပါတယ်။

လက်ရှိ မုန်တိုင်းအခြေအနေကိုတော့ လိမ္မော်ရောင်အဆင့်သတ်မှတ်ထားပြီး ဧရာဝတီတိုင်းဒေသကြီး အနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားတယ်လို့ ဝန်ကြီး ဦးဝင်းဌေးကပြောပါတယ်။

ပုသိမ်မြို့မှာတော့ မနက်ပိုင်းကတည်းက မိုးအုံ့နေပြီး နေလည်ပိုင်းမှာတော့ နာရီဝက်ခန့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး လက်ရှိအချိန်မှာ မိုးဖွဲအနည်းငယ်ကျဆင်းနေပါတယ်။

သတင်း - သော်ဇင်မျိုး(ဒီဗွီဘီ)

No comments:

Post a Comment