ချစ်တယ်ဆိုတဲ့ စကားထက် ပိုလေးနက်တဲ့ စကား (၆) ခွန်း
အချစ်ရေးမှာ အလိုအပ်ဆုံး စကားလေးတွေပါ။
ချစ်တယ်ဆိုတဲ့ စကားလေးတစ်ခွန်းဟာ ကိုယ့်ချစ်သူကို အမြဲပြောဖို့ လိုအပ်တဲ့ စကားဖြစ်ပေမဲ့ အဲဒါအပြင် ဒီစကားလေးတွေကို ပြောလာပြီဆိုရင်တော့ ခိုင်မြဲတဲ့ အချစ်ရေးတစ်ခုလို့ ဆိုနိုင်ပြီပေါ့။
၁။ ငါ မင်းကို ယုံကြည်တယ်
ယုံကြည်မှုမရှိဘဲ ဘယ်ဆက်ဆံရေးမှ အောင်မြင်မှာ မဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်မယုံကြည်တဲ့ အချစ်ရေး၊ အိမ်ထောင်ရေးတွေ အများကြီးပါ။ ယုံကြည်မှုဆိုတာ ယုံကြည်တဲ့သူအတွက်ရော ယုံကြည်ခံရသူအတွက်ရော လုံခြုံနွေးထွေးစေတဲ့ အရာတစ်ခုပါ။
၂။ မင်းရဲ့ ပုံစံလေးအတိုင်း လက်ခံနိုင်တယ်
အချစ်ရေးမှာ အခက်ခဲဆုံးအရာက ကိုယ်ရွေးချယ်လိုက်သူရဲ့ နဂိုဗီဇ အကျင့်စရိုက်ကို လက်ခံနိုင်ဖို့ပဲလို့ လေ့လာတွေ့ရှိထားပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် ပြောင်းလဲဖို့ ကြိုးစားကြတယ်။ ဒါဟာ အမိုက်မဲဆုံးအရာပါပဲ။ လူတစ်ယောက်ရဲ့ ဗီဇဆိုတာ ပြောင်းလဲလို့ရတဲ့ အရာမှမဟုတ်ပဲ။ ကိုယ့်ရဲ့ ဗီဇအကျင့်စရိုက်၊ နေထိုင်မှုပုံစံအတိုင်း လက်ခံနိုင်သူကို တွေ့ရှိသူဟာ ကမ္ဘာမှာ ကံအကောင်းဆုံးသူတစ်ယောက် ဖြစ်ပြီပေါ့။
၃။ ဘာတွေပဲဖြစ်ဖြစ် မင်းဘက်က ကိုယ်ရှိနေမယ်
ချစ်ခြင်းနဲ့ ပေးဆပ်ခြင်းက သပ်သပ်စီပါ။ သင့်ရဲ့ လက်တွဲဖော်က သင်ဘာတွေပဲ လုပ်နေနေ သင့်ဘက်က အမြဲရှိနေမယ်ဆိုတဲ့ အတွေးက ဘယ်လောက်တောင် ကြည်နူးစရာ ကောင်းလိုက်မလဲ။
၎။ ငါ မင်းနဲ့ပဲ အတူရှိနေချင်ရုံပါ
ကိုယ့်အတွက်နဲ့ တခြားအရာအားလုံးကို စွန့်လွှတ်နိုင်တယ်ဆိုရင် အဲဒီသူဟာ ကမ္ဘာပေါ်မှာ လူတွေ မနာလိုစရာ အကောင်းဆုံးသူတစ်ယောက် ဖြစ်နေမှာ အမှန်ပါပဲ။
၅။ ငါ မင်းနဲ့ မိသားစုဘဝလေး လိုချင်တာ
လူတွေက မိသားစုဆိုတာကို အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ကြတယ်။ ချစ်တတ်ကြပေမဲ့ လက်ထပ်ဖို့ တွန့်ဆုတ်နေသူတွေ အများကြီးပါ။ မိသားစုဘဝတစ်ခု စတင်ချင်တယ်လို့ ပြောလိုက်တာက အဲဒီအချစ်ဟာ တစ်ဘဝစာလို့ ပြောလိုက်တာပါပဲ။
၆။ ငါ့တစ်ဘဝလုံးစောင့်နေသူက မင်းပဲ
နားမလည်နိုင်တဲ့၊ မျက်ရည်တွေနဲ့ တည်ဆောက်ခဲ့ရတဲ့ အချစ်ရေးတွေ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပြီးတဲ့နောက် ကိုယ်နဲ့ အဆင်ပြေဆုံးသူကို ရှာတွေ့လိုက်ပြီဆိုတဲ့ခံစားချက်က သိန်းဆုကြီးပေါက်သလိုပါပဲ။ ဒီစကားလောက် လေးနက်တဲ့ အဖိုးတန်တဲ့ စကား ရှိမယ် မထင်ဘူး။ ချစ်တယ်ဆိုတဲ့ စကား အခါတစ်သိန်း ပြောတာထက် တန်ဖိုးရှိပါတယ်။
Source & Photos : Life: Duwun
Thursday, April 13, 2017
ချစ်တယ်ဆိုတဲ့ စကားထက် ပိုလေးနက်တဲ့ စကား (၆) ခွန်း
ချစ်တယ်ဆိုတဲ့ စကားထက် ပိုလေးနက်တဲ့ စကား (၆) ခွန်း
Reviewed by Ar Ti
on
10:50 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment