Latest News

Thursday, April 13, 2017

အကြီးဆုံးဒုံးကျည်နဲ့ အမေရိကန်ပစ်ခတ်မှုပြုလုပ်

အကြီးဆုံးဒုံးကျည်နဲ့ အမေရိကန်ပစ်ခတ်မှုပြုလုပ်

အမေရိကန်ဟာ  နျူးကလီးယားမဟုတ်တဲ့ အကြီးဆုံးဒုံးကျည်တလုံးနဲ့ အာဖဂန်နစ္စတန်အရှေ့ပိုင်းကို လွန်ခဲ့တဲ့ တနာရီခန့်က ပစ်ခတ်လိုက်ပါတယ်။

အဲ့ဒီနေရာဟာ တာလီဘန်နဲ့IS တွေ ခိုအောင်းနေတဲ့ ဥမင်တွေရှိတဲ့နေရာလို့ဆိုပါတယ်။ အကြီးဆုံးဒုံးကျည်နဲ့ပစ်တာဖြစ်ပီး ဗုံးတို့ရဲ့မိခင် " Mother of All Bombs" လို့ အမည်ပေးထားပါတယ်။

ဒါဟာ မြောက်ကိုရီးယားကို ပါဝါပြရင်း တဖက်က အာဖဂန်တပ်မတော်ကို ကူညီခြင်းဖြစ်တယ်လို့ဆိုပါတယ်။

ဒီဗုံးဟာ ပေါင်ချိန် ၂၁၆၀၀ လေးလံပြီး အမေရိကန် လေကြောင်း အထူးတိုက်ခိုက်ရေးအဖွဲ့က MC-130 လေယာဉ်နဲ့ ကျဲချလိုက်တာပါ။ အာဖဂန်စံတော်ချိန် ည ၇ နာရီဝန်းကျင်မှာ ဖြစ်ပါတယ်။

Ref ; Independent

MUNA

No comments:

Post a Comment