Latest News

Saturday, April 1, 2017

လှိုင်သာယာ ရပ်ကွက် (၁၂) အလက (၁၁) မဲရုံတွင် မဲကိုယ်စားထည့်၍ ရဲက ထိန်းသိမ်း

လှိုင်သာယာ ရပ်ကွက် (၁၂) အလက (၁၁) မဲရုံတွင် မဲကိုယ်စားထည့်၍ ရဲက ထိန်းသိမ်း



ဓာတ်ပုံ - ချန်းစွန်း

ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ ရပ်ကွက် (၁၂) အလက (၁၁) မဲရုံတွင် မဲကိုယ်စား ထည့်၍ ရဲက ခေါ်ယူ စစ်ဆေးနေကြောင်း သိရသည်။

"လူတယောက်က မဲလာပေးတယ်။ ကြည့်လိုက်တော့ သူက ပေးပြီးသား ဖြစ်နေတယ်။ အဲဒါကို စစ်ဆေးရင်းနဲ့မှ မဲကို ကိုယ်စားလာ ပေးတယ် ဆိုပြီး သိရတယ်။ မဲကိုယ်စား ပေးခိုင်းတာက ၂ ယောက် ဖြစ်နေတယ်။ အခု ၃ ယောက်လုံးကို  ရဲလုံခြုံရေး လက်ကို အပ်လိုက်ပြီ" ဟု လှိုင်သာယာမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးမျိုးလှိုင်မြင့်ထွန်း က ဧရာဝတီသို့ ပြောကြားသည်။

မဲကိုယ်စား လာပေးခိုင်းသူ ဒေါ်သန်းရွှေနှင့် ဒေါ်ပြည့်ပြည့် ဆိုသူများ ဖြစ်ပြီး အမျိုးသား တဦးကိုလည်း ရဲက ခေါ်ယူ စစ်ဆေးနေသည်။

The Irrawaddy

No comments:

Post a Comment