Latest News

Friday, April 21, 2017

" က မ္ဘာ့ ပ ထ မ နေ ရာ "

" က မ္ဘာ့ ပ ထ မ နေ ရာ "

၂၀၃၀ ခု နှစ် မှာ တ ရုတ် က က မ္ဘာ့  ပ ထ မ နေ ရာ ကို လက် လွှဲ ယူ သွား မယ် လို့ နိုင် ငံ တ ကာ ခန့် မှန်း လေ့ လာ သူ တွေ က ခန့် မှန်း ကြ တယ် ။

က မ္ဘာ့ ပ ထ မ နေ ရာ ရ ယူ ချင် ရင် က မ္ဘာ ကြီး ကို ဦး ဆောင် နိုင် မယ့် ခေါင်း ဆောင် ကောင်း တစ် ယောက် နဲ့ စ နစ် ကောင်း တစ် ခု တော့ လို တယ် ။ ပိုက် ဆံ ရှိ ရုံ နဲ့ ငါ ကို ပေး လို့ တောင်း လို့ ရ တဲ့ အ ရာ တော့ မ ဟုတ် ဘူး ။ က မ္ဘာ့  ပ ထ မ ဦး ဆောင် နေ ရာ ကို ရ ယူ ဖို့ တ ရုတ် ရဲ့ လက် ရှိ အ ခြေ အ နေ တစ် ခု လောက် ကို တွေး ကြည့် ရ အောင် ပါ ။

အ မေ ရိ ကန် နိုင် ငံ ဖ လော် ရီ ဒါ ပြည် နယ် မှာ တ ရုတ် သ မ္မ တ ရှီ ကျင်း ဖျင့် နဲ့ အ မေ ရိ ကန် သ မ္မ တ ထ ရမ့် တို့ ပ ထ မ ဆုံး အ ကြိမ် တွေ့ ဆုံ ကြ တယ် ။ ပြ ဿ နာ ပေါင်း များ စွာ ထိပ် တိုက် တွေ့ ပြီး ဆွေး နွေး ကြ တယ် ။ ထ ရမ့် က ဘာ ကိ စ္စ မှ မ အောင် မြင် ဘူး လို့ ထုတ် ပြန် တယ် ။ သ ဘော က တော့ ညှိ နှိုင်း မှု မှာ ဘယ် ဖက် က မှ မ လိုက် လျော အ လျော့ မ ပေး ကြ ဘူး ဆို တဲ့ သ ဘော ပါ ပဲ ။

က မ္ဘာ့ ပ ထ မ ခေါင်း ဆောင် လုပ် မယ့် သူ က တွေ့ တာ နဲ့ အ လျော့ ပေး ရ ရင် ဘယ် လို လုပ် ဖြစ် နိုင် တော့ မှာ လဲ ။

ဒီ ဆွေး နွေး ပွဲ မှာ မြောက် ကို ရီး ယား ကိ စ္စ လည်း ပါ တယ် ။ ထ ရမ့် က မြောက် ကို ရီး ယား ကို တင်း တင်း ကြပ် ကြပ် ဖိ အား ပေး ကိုင် တွယ် ဖို့ လို အပ် ရင် စစ် ရေး အ ရ ပါ အ ရေး ယူ ဖို့ ဆွေး နွေး တော့ တ ရုတ် သ မ္မ တ က သူ တို့ အ နေ နဲ့ လည်း လက် ဖျောက် တစ် ချက် တီး လိုက် ရုံ နဲ့ မြောက် ကို ရီး ယား ကို ထိန်း နိုင် ဖို့ ဆို တာ မ ဖြစ် နိုင် ကြောင်း ကို အ မေ ရိ ကန် သ မ္မ တ ထ ရမ့် နား လည် လက် ခံ လာ အောင် မိ နစ် ၃၀ လောက် အ ချိန် ကုန် ခံ ပြီး ရှင်း ပြ ခဲ့ တယ် ။

အ မေ ရိ ကန် သ မ္မ တ အ ဆက် ဆက် က မြောက် ကို ရီး ယား ကို တ ရုတ် က တင်း ကြပ် လိုက် တာ နဲ့ အ မြှီး ကုတ် သွား မယ် ဆို တာ သိ ထား ကြ ပါ တယ် ။ ဖ လော် ရီ ဒါ မှာ အ မေ ရိ ကန် သ မ္မ တ ကို တ ရုတ် သ မ္မ တ က သူ တို့ လည်း ထိန်း လို့ မ ရ ပါ ဘူး လို့ ခေါင်း ရှောင် လိုက် တာ တ ရုတ် ရဲ့ ဗျူ ဟာ ပါ ။

တ ရုတ် က နောက် ကြော က ဘာ မှ မ ပေး တော့ ရင် မြောက် ကို ရီး ယား က ဘယ် က ဘာ ဝယ် စား ရ မ လဲ ။ အ နည်း ဆုံး မြောက် ကို ရီး ယား နိုင် ငံ ရဲ့ လောင် စာ ဆီ ၉၀% လို အပ် ချက် ကို တင် ပို့ ပေး နေ တဲ့ တ ရုတ် လောင် စာ မ ရောင်း တော့ ဘူး ဆို တာ နဲ့ မြောက် ကို ရီး ယား ပြို လဲ သွား ပါ လိမ့် မယ် ။

ဒါ ကို ထ ရမ့် ကောင်း ကောင်း သိ ပါ တယ် ။

အ မေ ရိ ကန် သ မ္မ တ က တ ရုတ် ကို နည်း နည်း ထပ် ပြီး အ ကူ အ ညီ တောင်း လာ အောင် လို့ တ ရုတ် သ မ္မ တ သံ တ မန် လမ်း ခင်း လိုက် တာ ။

တ ကယ် လို့ ထ ရမ့် က ကျွန် တော် တို့ လမ်း ကြောင်း ရှာ မယ် တို့ ၊ ပူး ပေါင်း ပြီး အ တူ အ ရေး ယူ မယ် တို့ ၊ တ ရုတ် ကို ဘယ် လို လုပ် ပါ  ဥ ပ မာ နောက် က နေ မ ထောက် ပံ့ ပါ နဲ့ ၊ မြောက် ကို ရီး ယား ထွက် ကုန် ကျောက် မီး သွေး တွေ မ ဝယ် ပါ နဲ့ တို့ ဆို တဲ့ တ ရုတ် ကို တစ် ခု ခု တောင်း ဆို ရင် တ ရုတ် က အ ပေး အ ယူ လုပ် တော့ မယ် ။ ဒါ တ ရုတ် တစ် သက် လုံး လုပ် လာ တဲ့ ပုံ စံ ပဲ ။

အ မေ ရိ ကန် သ မ္မ တ ထ ရမ့် က တ ရုတ် ကို မင်း တို့ မ လုပ် နိုင် ရင် ငါ့ ဖာ သာ ငါ တစ် ယောက် တည်း လုပ် မယ် လို့ ဆို ခဲ့ တယ် ။ သူ့ ရဲ့ က မ္ဘာ့ အ ဆင့် ဘီ လီ ယံ နာ သူ ဌေး ဖြစ် စေ တဲ့ အ ဓိ က ကိုယ့် အား ကိုယ် ကိုး မယ် ဆို တဲ့ စိတ် အ တိုင်း သူ တစ် ဦး တည်း မြောက် ကို ရီး ယား ကို တိုက် ဖို့ စီ စဉ် ခဲ့ တယ် ။

လက် တွေ့ လည်း ဆီ ရီး ယား ကို တိုး မာ ဟော့ ၅၉ လုံး နဲ့ အာ ဖ ဂန် န စ္စ တန် ကို Mother of all bome ဗုံး ကြဲ ပြ ခဲ့ တယ် ။ ဘယ် သူ ကို မှ လည်း မ ပြော သ လို ဘာ လုံ ခြုံ ရေး ကောင် စီ မှ လည်း မ တင် ပြ ဘူး ။ ဘယ် သူ့ ကို မှ လည်း ဂ ရု မ စိုက် ကြောင်း ကို ရဲ ရဲ တင်း တင်း ပြ ခဲ့ တယ် ။

မြောက် ကို ရီး ယား စီ ကို လည်း ချက် ခြင်း လေ ယာဉ် တင် သ င်္ဘော အုပ် စု တွေ စေ လွှတ် ခဲ့ ပြီး တ ရာ ဝင် ကို တိုက် မယ် လို့ ကြေ ငြာ ခဲ့ တယ် ။ ပြီး ခဲ့ တဲ့ ဧ ပြီ လ ၁၅ ရက် နေ့ က မြောက် ကို ရီး ယား ရဲ့ ခေါင်း ဆောင် ဟောင်း ကင် ဂျုံ အီး ရဲ့ မွေး နေ့ ဖြစ် တယ် ။ အဲ့ ဒီ နေ့ မှာ မြောက် ကို ရီး ယား က ဒုံး ကျည် စမ်း သတ် ဖို့ စီ စဉ် ထား တယ် ။

အ မေ ရိ ကန် သ မ္မ တ က ဒုံး ကျည် ပစ် တာ နဲ့ မြောက် ကို ရီး ယား ကို ဗုံး ကြဲ မယ် လို့ ပြတ် ပြတ် သား သား ကြေ ငြာ ခဲ့ တယ် ။ တ ကယ့် နေ့ ရောက် လာ တော့ တစ် က မ္ဘာ လုံး စိတ် ပူ ပြီး စောင့် ကြည့် နေ တဲ့ အ ချိန် မှာ မြောက် ကို ရီး ယား နောက် ဆုတ် သွား ခဲ့ ပါ တယ် ။

တ ရုတ် တို့ လည်း ထ ရမ့် ကို အ လျော့ ပေး ပြီး မြောက် ကို ရီး ယာ ကိ စ္စ အ မေ ရိ ကန် နဲ့ ပူး ပေါင်း ဖို့ ပြော လာ ပြီး မြောက် ကို ရီး ယား ကို ပြင်း ပြင်း ထန် ထန် တ ရား ဝင် ကြိမ်း ဝါး လာ တယ် ။ မ ထင် မှတ် နိုင် တဲ့ အ ကျိုး ဆက် တွေ ခံ စား သွား ရ မယ် လို့ ဖွင့် ပြော လာ တယ် ။

တ ရုတ် စစ် သည် တစ် သိန်း ခွဲ နယ် စပ် ကို စေ လွှတ် ပြီး အ မေ ရိ ကန် က သာ စစ် ပြု ခဲ့ ရင် ထွက် ပြေး လာ မယ့် မြောက် ကို ရီး ယား စစ် ပြေး တွေ ကို နိုင် ငံ ထဲ ပေး မ ဝင် ဖို့ ၊ လို အပ် ရင် မြောက် ကို ရီး ယား ကို တစ် စိတ် တစ် ပိုင်း ဝင် သိန်း ဖို့ ဆောင် ရွက် လာ ရ တယ် ။

တ ရုတ် က မြောက် ကို ရီး ယား ပြို လဲ သွား မှာ ကို အ ဖြစ် မ ခံ နိုင် ဘူး ။ ဒါ က တ ရုတ် ရဲ့ အား နည်း ချက် အ မေ ရိ ကန် ရဲ့ နိုင် ဖဲ ။

အ မေ ရိ ကန် နိုင် ငံ မှာ တ ရုတ် ကို အ ညှာ ကိုင် နိုင် တဲ့ နိုင် ဖဲ တွေ အ များ ကြီး ရှိ ပါ တယ် ။ ထိုင် ဝမ် ၊ တိ ဘက် ၊ ဇီကျန် ၊ ဒီ မို က ရေ စီ အ များ ကြီး ကို ရှိ နေ ပါ သေး တယ် ။ အဲ့ ဒီ အ ထဲ က အ ခု ထ ရမ့် က မြောက် ကို ရီး ယား ကို ထုတ် ပြ လိုက် တာ ။ နိုင် ငံ ရေး လေ့ လာ သူ တွေ က တ ရုတ် ရဲ့ ဓ န အင် အား ကြီး လာ တာ ကို ပဲ ကြည့် ပြီး တ ရုတ် ကို က မ္ဘာ့ ပ ထ မ နေ ရာ ပေး ချင် ကြ တယ် ။ မ ရ နိုင် ပါ ဘူး ။

ရု ရှား နိုင် ငံ ခြား ရေး ဝန် ကြီး က မြောက် ကို ရီး ယား နိုင် ငံ ကို ဆီ ရီး ယား နိုင် ငံ လို မ ပြု မူ ဖို့ ပြော တာ ကို အ မေ ရိ ကန် နိုင် ငံ ခြား ရေး ဝန် ကြီး က " ကျုပ် တို့ သ မ္မ တ က သူ ဘာ လုပ် မယ် ဆို တာ ကို ကြို ပြော လေ့ မ ရှိ ဘူး " လို့ တုံ့ ပြန် ခဲ့ တယ် ။

တ ကယ် လို့ မြောက် ကို ရီး ယား ကို အ မေ ရိ ကန် က စစ် တိုက် လိုက် ရင် မြောက် ကို ရီး ယား စစ် သား တွေ က တောင် ကို ရီး ယား ကို မြေ ပြင် က ဝင် သိမ်း ဖို့ စီ စဉ် ပြီး အ ဆင် သင့် ပြင် ထား တဲ့ ဒုံး ကျည် နှစ် သောင်း ကြောင့် တစ် နာ ရီ အ တွင်း မှာ ကို လူ တစ် သိန်း သုံး သောင်း ( ၁၃၀,၀၀၀ ) လောက် သေ သွား ရ လိမ့် မယ် ။

ဒါ ကြောင့် အ မေ ရိ ကန် က ဖိ အား ပေး ဆွေး နွေး ပွဲ နည်း ကို အ သုံး ပြု မယ် လို့ ဖ လော် ရီ ဒါ မှာ ဆွေး နွေး စဉ် က တည်း က တ ရုတ် သ မ္မ တ ကို တောင်း ဆို ခဲ့ တာ ဖြစ် ပါ တယ် ။

စီး ပွား ရေး သ မား ထ ရမ့် က ဈေး ကွက် ရဲ့ လို အပ် ချက် ကို ပို သိ တယ် ။ တ ရုတ် ဈေး ကိုင် နေ တာ ကို လည်း သိ တယ် ။ နိုင် ဖဲ သူ့ လက် ထဲ မှာ ရှိ တာ ကို လည်း သိ တယ် ။

ထ ရမ့် ကို တစ် က မ္ဘာ လုံး က ရှိ တဲ့ နိုင် ငံ ရေး ခေါင်း ဆောင် တွေ ၊ နိုင် ငံ ရေး အ ကဲ ခပ် တွေ က နိုင် ငံ ရေး ပါး မ ဝ ဘူး လို့ သတ် မှတ် ထား ကြ တယ် ။ ကိုယ် က တော့ လက် ရှိ နိုင် ငံ ခေါင်း ဆောင် အား လုံး ထက် ပို တော် တယ် လို့ ယူ ဆ တယ် ။ ဖ လော် ရီ ဒါ မှာ တ ရုတ် ငြင်း ခဲ့ တဲ့ ကိ စ္စ ကို သူ အ လို ရှိ သ လို ဖြစ် အောင် ပုံ ဖော် နိုင် ခဲ့ တယ် ။

က မ္ဘာ့ ပ ထ မ နေ ရာ ကို ရ ယူ တော့ မယ် ဆို တဲ့ နိုင် ငံ ရေး ဗျူ ဟာ ပိုင် နိုင် ပါ တယ် ဆို တဲ့ တ ရုတ် တို့ ထ ရမ့် ကို စ စ တွေ့ ချင်း ပွဲ မှာ ပဲ အ ရှုံး ပေး ခဲ့ ရ တယ် ။ အ မေ ရိ ကန် သာ ပ ထ မ ဖြစ် ရ မယ် ဆို တဲ့ ထ ရမ့် ကို တ ရုတ် ယှဉ် နိုင် ဖို့ မ ဖြစ် နိုင် ဘူး လို့ ယူ ဆ တယ် ။ ဓ န အင် အား အ ရ အ ခု သာ နေ ပေ မယ် ထ ရမ့် ရဲ့ ဉာဏ် ရည် နဲ့ သ တ္တိ ကို မ မှီ ကြ ပါ ဘူး ။

နိုင် ငံ တစ် ခု ကို ခေါင်း ဆောင် တာ ၊ စီး ပွား ရေး လုပ် ငန်း တစ် ခု ကို ခေါင်း ဆောင် တာ ဗျူ ဟာ အ တူ တူ ပါ ပဲ ။ အား လုံး ကို အ ချက် အ လက် တွေ စု ဆောင်း ပြီး အ ပြီး သတ် ဆုံး ဖြတ် ချက် ချ ရ တာ ပါ ။ သုံး သပ် ချက် တွေ လွဲ ရင် စီး ပွား ရေး လုပ် ငန်း လည်း ကွဲ မှာ ပဲ နိုင် ငံ လည်း ကွဲ မှာ ပဲ ။

လော လော ဆယ် အ မေ ရိ ကန် သ မ္မ တ လောက် အောင် မြင် အောင် စွမ်း ဆောင် နိုင် တဲ့ သ မ္မ တ ဘယ် သူ များ ရှိ နေ လို့ လဲ လို့ လိုက် ကြည့် လို့ ရ တယ် ။ သ မ္မ တ ဖြစ် ပြီး မှ ချမ်း သာ သွား ကြ တဲ့ သူ တွေ ထက် တော့ အ များ ကြီး သာ ပါ တယ် ။

အို ဘား မား တို့ ဟီ လာ ရီ က လင် တန် တို့ ဆို ရင် တော့ တ ရုတ် စိတ် ကူး ယဉ် လို့ ကောင်း ပါ လိမ့် မယ် ။ ထ ရမ့် လက် ထက် မှာ သေ ချာ ပေါက် ပြော ရဲ တာ က ထ ရမ့် သ မ္မ တ ဖြစ် နေ သ ရွေ့ က မ္ဘာ့ ပ ထ မ ဆို တဲ့ နေ ရာ ကို တ ရုတ် အိမ် မက် မက် မ နေ နဲ့ လို့ ပြော လို့ ရ ပြီး ကိုယ့် နိုင် ငံ မ ပြို ကွဲ အောင် သာ သ တိ ထား လို့ ပြော လို့ ရ တယ် ။

မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၁၈ ၊ ၄ ၊ ၂၀၁၇

                                                မိုး တင့် ဆွေ
                                              ၁၉ ၊ ၄ ၊ ၂၀၁၇
                                                   ဗု ဒ္ဓ ဟူး ။

No comments:

Post a Comment