မြောက်ကိုရီးယား ပြဿနာကို ဖြေရှင်းဖို့ ထရန့် အသင့်ရှိ
အမေရိကန်သမ္မတ ဒေါနယ်ထရန့် က မြောက်ကိုရီးယား ပြဿနာကို တရုတ် က ပါဝင်ကူညီခြင်း ရှိရှိ မရှိရှိ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဖြေရှင်းဘို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားလိုက်ပါတယ်။
သမတထရန့်က တရုတ်သမတ စီကျင်းပင်ကို သူရှင်းပြခဲ့ပြီးဖြစ်ပါတယ်၊၊ မြောက်ကိုရီးယားပြဿနာကို ဖြေရှင်းပေးခဲ့မယ်ဆိုရင် အမေရိကန်နဲ့ ကုန်သွယ်မူတွေ အများကြီး အဆင်ပြေချောမွေ့နိုင်စရာ တွေဖြစ်လာလိမ့်မယ်လို့ တွီတာ လူမှုကွန်ရက်မှာ ဒီနေ့ ဖေါ်ပြထားပါတယ်။
လောလောဆယ်မှာ ကိုရီးယားကျွန်းဆွယ်ကို လေယဉ်တင်သင်္ဘောUSS Carl Vinson နဲ့ ဒုံးခွင်း ဒုံးပျံတွေတပ်ဆင်ထားတဲ့ တိုက်သင်္ဘော အုပ်စုကို စေလွှတ်ထားပါတယ်။
အခုလိုအမေရိကန်ရဲ့ ဆောင်ရွက်ချက်နဲ့ပတ်သက်လို့ ရန်လိုမူဖြစ်တယ်လို့ မြောက်ကိုရီးယားက အစိုးရသတင်းက တုန့်ပြန်ထားပြီးလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ မြောက်ကိုရီးယားအနေနဲ့ နူကလိယားလက်နက်အပါအ၀င် ဘယ်လိုလက်နက်မျိုးကိုမဆိုတပ်ဆင်ခွင့်ရှိတယ်လို့ ရေးသားထားပါတယ်။
ရိုက်တာသတင်းတရပ်မှာတော့ သမတထရန့်က မြောက်ကိုရီးယားရဲ့ အပြုအမူတချို့အပေါ်မှာ သည်းမခံနိုင်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ဘယ်လို အပြုအမူမျိုးဖြစ်တယ် ဆိုတာတော့ ထုတ်ဖေါ်ပြောခြင်းမရှိပါဘူး။ RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment