Latest News

Thursday, April 20, 2017

ပဲရစ်မြို့တော် ပစ်ခတ်မှု ရဲသားနဲ့ သေနတ်သမား သေဆုံး

ပဲရစ်မြို့တော် ပစ်ခတ်မှု ရဲသားနဲ့ သေနတ်သမား သေဆုံး

ပြင်သစ်နိုင်ငံ နာမည်ကျော် ချွှမ် အယ်လီဇေး လမ်းမကြီးမှာ အစ္စလမ်မစ် အစွန်းရောက် သေနတ်သမားတစ်ဦးရဲ့ တိုက်ခိုက်မှုကြောင့် ရဲသားတစ်ဦး သေဆုံးပြီး အရပ်သား ၂ ဥင်္ီး ဆေးရုံပို့ ကုသနေရပါတယ်။

သေနတ်သမားက ကားတစ်စီးနဲ့ ရောက်လာပြီး အဲဒီနားမှာ ရှိနေတဲ့ ရဲကားကို မောင်းပြန်သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်တယ်လို့ မျက်မြင်တွေက ပြောကြပါတယ်။ ရဲတွေရဲ့ ပစ်ခတ်မှုကြောင့် သေနတ်သမားလည်း သေဆုံးသွားပါတယ်။

မကြာခင်မှာပဲ IS အစ္စလမ် အကြမ်းဖက်အဖွဲ့က ကြေညာချက် တစောင်ထုတ်ပြီး သူတို့ အဖွဲ့ဝင်တစ်ဦးက တိုက်ခိုက်ခဲ့တာလို့ ပြောကြောင်း New York Times သတင်းစာက ဖေါ်ပြပါတယ်။

ပြင်သစ် သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ ၂ ရက်အလိုမှာ အခုလို အကြမ်းဖက်သမားက တိုက်ခိုက်တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း မာဆေးမြို့မှာ လူ ၂ ဦးကို လက်နက်တွေ ဖေါက်ခွဲရေးပစ္စည်းတွေနဲ့ ပြင်သစ်ရဲတပ်က ဖမ်းမိခဲ့ပါတယ်။ RFA

No comments:

Post a Comment