Latest News

Thursday, April 20, 2017

နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး NGO တွေတောင်းဆို

နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး NGO တွေတောင်းဆို

ဝါရင့်နိုင်ငံရေးသမားကြီးဦးဝင်းတင် ကွယ်လွန်တာ ၃နှစ်ပြည့်အထိမ်းအမှတ်နေ့မှာ နိုင်ငံတကာ NGO  အဖွဲ့အစည်းပေါင်း ၂၂ခုက မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအရ ရည်ရွယ်ချက် ရှိရှိနဲ့ ပစ်မူများတပ်ပြီး ဖမ်းစီးခံနေရသူတွေကို ချက်ခြင်းလွှတ်ပေးဘို့ တောင်းဆိုလိုက်သလို ဖမ်းစီးခံရသူတွေနဲ့ ပတ်သက်ပြီး သီခြား လွတ်လွတ်လပ်လပ် သုံးသပ်လေ့လာမူတွေလုပ်နိုင်တဲ့ အခြေအနေတခုဖန်တီးပေးဘို့ လိုအပ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကွယ်လွန်သူ ဦးဝင်းတင်ဟာ အကျဉ်းသားဘ၀နဲ့ အကျဉ်းထောင်အတွင်း နှစ်ပေါင်း၂၀ နေထိုင်ခဲ့ပြီးနောက် လွတ်မြောက်လာချိန်မှာလည်း အကျဉ်းထောင်ထဲမှာဝတ်ဆင်ခဲ့တဲ့ အကျဉ်းထောင်ဝတ်စုံ အပြာရောင်ဝတ်စုံကို သာဝတ်ဆင် ခဲ့သူဖြစ်ပါတယ်။ဒါဟာလည်း မြန်မာနိုင်ငံအကျဉ်းထောင်တွေထဲမှာ  နိုင်ငံရေးအကျဉ်းသားများ အားလုံးမလွတ် သေးတာကြောင့်လို့ဆိုပါတယ်။

လက်ရှိမှာလည်းမြန်မာနိုင်ငံအတွင်း နိုင်ငံရေး အကျဉ်းသားတွေရှိနေသေးဒါကြောင့် ဦးဝင်းတင် ကွယ်လွန်တဲ့ ၃နှစ်ပြည့်မြောက်တဲ့ ဧပြီ၂၁ရက်နေ့မှာ ဦးဝင်းတင်တောင်းဆိုခဲ့သလို မြန်မာနိုင်ငံ အကျဉ်း ထောင်တွေထဲက နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးဘို့ အပြာရောင်ဝတ်စုံကို ၀တ်ဆင်ကြဘို့ တိုက်တွန်းထားပါတယ်။

ဆက်လက်ပြီးကြေညာချက်မှာ NLD အစိုးရသစ်တက်လာပြီး နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့ပြီးလဲဖြစ်ပေမဲ့ နိုင်ငံရေးအရ အပစ်ဒါဏ်ချထားခံရသူတွေ ရှိနေစဲဖြစ်တယ်လို့လည်း ဖေါ်ပြထားပါတယ်။ ဒါ့အပြင် လွတ်လပ်စွာဖေါ်ထုတ်ခွင့်ကို ကန့်သတ်တဲ့ ဥပဒေများ ငြိမ်းချမ်းစွာစီတန်းလှည့်လည်မူတွေကို ကန့်သတ်တဲ့ ဥပဒေတွေရှိနေသလို အာဏာပိုင်တွေဟာ လူ့အခွင့်အရေးကာကွယ်စောင့်လျောက်သူတွေကို ဆက်လက်ဖမ်းစီးမူတွေ ရှိနေစဲဖြစ်တယ်လို့လည်း ဖေါ်ပြထားပါတယ်။ RFA

No comments:

Post a Comment