မြောက်ကိုရီးယားကို လုံခြုံရေးကောင်စီ ပြစ်တင်
ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြောက်ကိုရီးယားနိုင်ငံကို ဒုံးပျံစမ်းသပ်ပြစ်လွှတ်ခဲ့မှုအတွက် ပြင်းထန်စွာပြစ်တင်ရှုံ့ချကြောင်း မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံက ချွင်းချက်မရှိထောက်ခံခဲ့တဲ့ အဲဒီကြေညာချက်မှာ မြောက်ကိုရီးယားအစိုးရကို နျူးကလီးယားစမ်းသပ်မှုလုံးဝထပ်မံ မပြုလုပ်ဖို့ သတိပေးထားပြီး ဒုံးပျံစမ်းသပ်ခဲ့မှုကြောင့် တင်းမာမှုတွေဖြစ်ပေါ်ခဲ့ရတဲ့အတွက် ပိတ်ဆို့မှုတွေတိုးချဲ့ပြဌာန်းမှာ ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုက မူကြမ်းရေးသားတင်ပြတဲ့ အဲဒီ ကြေညာချက်ကို မူလစောစောပိုင်းမှာ ရုရှားအစိုးရကငြင်းဆိုခဲ့ပေမယ့် ငြိမ်းချမ်းစွာ ဆွေးနွေးခြင်းဖြင့် ပြဿနာကိုဖြေရှင်းဖို့လိုအပ်တယ် ဆိုတဲ့စာပိုဒ်ကို ဖြည့်စွက်ခဲ့ပြီးနောက် သဘောတူခဲ့တယ်လို့ သိရပါတယ်။
ဒီအတောအတွင်းမှာပဲ မြောက်ကိုရီးယား အစိုးရပိုင် သတင်းစာတစောင်က အမေရိကန်ပြည်ထောင်စုနဲ့ အပေါင်းပါတွေကို လက်ဦးမှုယူတိုက်ခိုက်ပြီး အမြစ်ပြတ်ခြေမှုန်းမယ်လို့ မနေ့က ထပ်မံရေးသားပါတယ်။ RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment