Latest News

Monday, April 10, 2017

အင်ပါယာတေးဂီတအဖွဲ့နှင့် အနုပညာရှင်များ (၆)မိုင်တွင် သင်္ကြန်တွင်း ဖျော်ဖြေကြမည်

အင်ပါယာတေးဂီတအဖွဲ့နှင့် အနုပညာရှင်များ (၆)မိုင်တွင် သင်္ကြန်တွင်း ဖျော်ဖြေကြမည်

မန္တလေး ဧပြီ ၉

နိုင်ငံကျော် အင်ပါယာတေးဂီတအဖွဲ့နှင့်အတူ အနုပညာရှင်များ၊ အဆိုတော်များ၏ ဖျော်ဖြေမှု အစီအစဉ်များကို (၆) မိုင်ရှိ ရတနာမိုးနန်းတော်ပန်းခြံတွင် သင်္ကြန်အကြို ရက်မှစတင်၍ တင်ဆက်သွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူထံမှ သိရသည်။

ရတနာမိုးနန်းတော် ပန်းခြံဂီတဖျော်ဖြေပွဲဟု အမည်ပေးထားသည့် အဆိုပါပွဲတွင် နိုင်ငံကျော်အဆိုတော် ဇော်ဝင်းထွဋ်၊ ရင်ဂို၊ အီတိုး၊Melody World ဆုရအဆိုတော် လှိုင်းလေးနှင့် အနုပညာရှင်များ၊ အဆိုတော်များအပြင် မန္တလေးမြို့ပေါ်တွင် သင်္ကြန် ပွဲတော်ရက်အတွင်း ဖျော်ဖြေကြမည့် အဆိုတော်များကိုလည်း ဖိတ်ခေါ်ဖျော်ဖြေ တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒုဋ္ဌဝတီမြစ်အနီး ရဲရွာရေအားလျှပ်စစ်အသွားလမ်း (၆)မိုင်တွင် ပြုလုပ်မည့် ယင်းဖျော်ဖြေပွဲကို သင်္ကြန်ရက်များတွင် နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံကျော်အဆိုတော်များ၏ ဖျော်ဖြေမှုတင်ဆက်မှုများ ပြုလုပ်ရန် လျာထားကြောင်း၊ ဥယျာဉ်ဝင်ကြေးအား သက်သာသည့်နှုန်းထားဖြင့် ငွေကျပ်၂ဝဝဝ သတ်မှတ်ထားကြောင်း သိရသည်။

တင်မောင်(မန်းကိုယ်ပွား)

No comments:

Post a Comment