Latest News

Thursday, April 20, 2017

သတ်မှတ်လမ်းကြောင်းအတိုင်းမောင်းနှင်ခြင်းမရှိသည့်လိုင်းကားအချို့ အရေးယူ

သတ်မှတ်လမ်းကြောင်းအတိုင်းမောင်းနှင်ခြင်းမရှိသည့်လိုင်းကားအချို့ အရေးယူ


ရန်ကုန် ဧပြီ ၂ဝ

ရန်ကုန်မြို့လယ် လမ်းမကြီးငါးလမ်း ပေါ် မြို့တွင်းအဝိုင်းပတ် ယာဉ်လိုင်းများမှ လိုင်းကားများသာ အရှေ့ အနောက်တောက်လျောက်မောင်းနှင်ခြင်းသာ တွေ့လာရသည်။

ယင်းလမ်းမကြီးများအနက်လေး လမ်းပေါ်တွင်တစ်လမ်းစီတွင်ယာဉ် လိုင်းတစ်မျိုးတည်းသာ တောက်လျှောက် မောင်းနှင်မှုရှိသည်အထိ မြို့တွင်းကားလမ်းများပေါ် လိုင်းကား များဖြင့်ပိတ်ဆို့နေတတ် သည့်မြင်ကွင်း များလျော့ကျလာသည်။

သို့သော်ညကြီးပိုင်းလိုင်းကားပြေး ဆွဲနိုင်ခြင်းအားနည်းနေဆဲဖြစ်ရာ ကြားကားများအဖြစ် အမြန်မောင်းနေသောယာဉ်ငယ်များတရား မဝင်ဝင်ရောက်ပြေးဆွဲနေသောလိုင်းကားကြီးငယ်များမြို့လယ်လမ်းမများပေါ်ညစဉ် ၈ နာရီဝန်းကျင်မှ စ၍မြင်တွေ့နေရဆဲရှိသည်။

ထောက်ကြန့် အနောက်ပိုင်း တက္ကသိုလ်ရွှေပြည်သာ(လိန်ကုန်း)မှ စံပြရုပ်ရှင်ရုံ မော်တင်ဂိတ်ဆုံးယာဉ် လိုင်းလေးလိုင်းမှယာဉ်များ အနော်ရထာလမ်းအတိုင်းစံပြရုံဘေးမှချိုးကွေ့ သွားခွင့်မရှိပါ။ ဘုန်းကြီးလမ်းအတိုင်း ဆင်း၍ကမ်းနားလမ်းမှကွေ့ကာ မဟာဗန္ဓုလလမ်းပေါ်ရှိဂိတ်ဖျားသို့ မောင်းနှင်ရသည်။

သို့သော် သခင်မြပန်းခြံသွားရန် နှင့်မော်တင်ဂိတ်ဖျားသွားရန်စံပြ ရုပ်ရှင်ရုံဘေး အနော်ရထာလမ်းအတွင်း သို့ယင်းနေရာအနီးရှိ ယာဉ်ထိန်းရုံ အတွင်း တာဝန်ကျများမရှိသည့်အချိန် နေ့စဉ်နီးပါးလိုင်းကား အချို့မောင်းနှင်ဝင်ရောက်လေ့ရှိသည်။

ဧပြီ ၁၈ ရက်နံနက်ပိုင်း ၈ နာရီဝန်းကျင်အနော်ရထာလမ်း အတွင်း စံပြရုံရှေ့မှချိုးကွေ့ဝင်လာသောယခင် BRT Lite လိုင်းအဝါမဟုတ်ဘဲ ယာဉ်လိုင်းနာမည်တပ်မြို့ပြင်ရှိ မြို့များသို့ ပြေးဆွဲခဲ့သော YBS အမှတ်အသားပြည့်စုံစွာမမြင်တွေ့ရသောလိုင်းကားယာဉ်ကြီးတစ်စီးကို သက်ဆိုင်ရာကလှည့်ကင်းယာဉ်ဖြင့် စစ်ဆေးအရေးယူနေသည်ကို မြင်တွေ့ရသည်ဟု ယင်းနေရာအနီး ဖြတ်သန်းသွားလာသူတစ်ဦးက ပြောပြသည်။

ယင်းသို့ အရေးယူခြင်းရှိခဲ့သော်လည်း GPS စနစ်တပ်ဆင်ထားခြင်း အချို့ရှိနေသည်ဆိုသောအနောက် ပိုင်းတက္ကသိုလ် မော်တင်ခရီးစဉ်ပြေးဆွဲနေသောယာဉ်လိုင်းမှယာဉ်ကြီးတစ်စီး ယနေ့နံနက် ၇ နာရီဝန်းကျင်တွင် သတ်မှတ်လမ်းကြောင်း ကမ်းနားလမ်းမှမလာဘဲ ခရီးသည် တင်ဆောင်ထားပြီးအနော်ရထာလမ်းမှ မော်တင်အလယ်လမ်းအတွင်းမှဂိတ်သို့ဝင်လာသည်ကိုထပ်မံ မြင်တွေ့လာရသည်။

သို့ဖြစ်ရာယာဉ်လိုင်းစနစ်သစ်တွင် ဝင်ရောက်ပြေးဆွဲနေသော လိုင်းကားအချို့စည်းကမ်းတကျ မောင်းနှင်မှု အားနည်းနေခြင်းကို စောင့်ကြည့် ပစ္စည်းများဖြင့်ထိန်းသိမ်းဆောင်ရွက် ခြင်းအပြင် ဂိတ်ရင်းဂိတ်ဖျားနှင့်တကွ ယာဉ်များသွားလာရာလမ်းပေါ်ရှိယာဉ် လိုင်းဆိုင်ရာတာဝန်ထမ်းဆောင် သူများ၏စောင့်ကြည့်အရေးယူမှုသည် အဓိကကျနေပါသည်။

ယာဉ်လိုင်းလေးလိုင်း မြို့တွင်း ပတ်ယာဉ်လိုင်းတစ်လိုင်းသာရှိသောမော်တင်ခုံးကျော်တံတားအတက် အဆင်းလှေကားအနီးရှိဂိတ်ဖျားနေရာတွင်ယခင်စနစ်ဟောင်းယာဉ်လိုင်း ပေါင်းစုံစုဆုံနေစဉ်ကကဲ့သို့ကားဟွန်း သံမျိုးစုံအဆက်မပြတ်ကြားနေရခြင်း၊ ယာဉ်လိုင်းကားများခရီးသည်စောင့်ဆိုင်းတင် ဆောင်နေခြင်းကြောင့် ယာဉ်ပိတ်ဆို့နေခြင်း ခရီးသည်များလမ်းလယ်တွင်ယာဉ်ပေါ်အတက်အဆင်းပြုလုပ်နေရခြင်းများ လျော့ပါးခြင်းမရှိဘဲ ဆက်လက်မြင်တွေ့နေရဆဲရှိသည်ဟုယင်းနေရာအနီးတိုက် ခန်းများတွင် နေထိုင်သူတစ်ဦးကပြောသည်။

(မောင်စေအောင်)ပြန်/ဆက်

No comments:

Post a Comment