Latest News

Thursday, April 20, 2017

အခြေအနေရှုပ်ထွေးအောင် အမေရိကန်လုပ်ဆောင်ပါက ကြိုတင် လက်ဦးမှုယူ တိုက်ခိုက်မည်ဟု မြောက်ကိုရီးယားသတိပေး

အခြေအနေရှုပ်ထွေးအောင် အမေရိကန်လုပ်ဆောင်ပါက ကြိုတင်

လက်ဦးမှုယူ တိုက်ခိုက်မည်ဟု မြောက်ကိုရီးယားသတိပေး


ဆိုးလ် ဧပြီ ၂ဝ

အမေရိကန်ဘက်မှ ရှုပ်ရှုပ်ထွေးထွေး အခြေအနေဖြစ်အောင် ဖန်တီးလာမည်ဆိုပါက မိမိတို့က အလွန်လက်သံပြောင်သည့် ကြိုတင်လက်ဦးမှုယူတိုက်ခိုက်မှုတစ်ရပ်ကို ပြုလုပ်ရလိမ့်မည်ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ဧပြီ ၂ဝ ရက်တွင် သတိပေးလိုက်သည်။

မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ် အဆုံးသတ်စေရေးအတွက် ယင်းနိုင်ငံအပေါ် ဖိအားပေးနိုင်မည့် နည်းလမ်းများကို ရှာဖွေနေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်က ပြောကြား ခဲ့ပြီးနောက် မြောက်ကိုရီးယား၏ သတိပေးချက်ပေါ်ထွက် လာခြင်း ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်အပေါ် သဘောထားတင်းမာသည့် လက္ခဏာများကို ပြသလျက်ရှိ သည်ဆို၏။

မြောက်ကိုရီးယားသည် ယင်း၏ အဓိကမဟာမိတ်တရုတ်နိုင်ငံ၏ စည်းရုံး နားချမှုကိုပယ်ချကာ နျူကလီးယားနှင့် ဒုံးလက်နက်အစီအစဉ်များကို ဆက်လက်အကောင်အထည်ဖော်လျက်ရှိသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ် ချက်များကိုအာခံလျက် ယင်းနိုင်ငံက လက်နက်အစီအစဉ်များကို ရှေ့တိုး ဆောင်ရွက်နေခြင်းဖြစ်သည်။

ထိုစဉ်အတွင်း အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌပေါလ်ရန်းက မြောက်ကိုရီးယားနှင့်ပတ်သက်၍ ဝေဖန်ပြောကြားမှု ပြုလုပ်ခဲ့သည်။

အမေရိကန်အစိုးရသည် မြောက်ကိုရီးယားအရေးကို ကိုင်တွယ်ဆောင်ရွက်ရာ၌ စစ်ရေးနည်းလမ်းကို နည်းလမ်းတစ်ရပ်အဖြစ် ထားရှိသင့်သည်ဟု ပေါလ်ရန်းက ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ မူဝါဒရေးရာမဟာဗျူဟာဆွေးနွေးပွဲ တစ်ရပ်တွင် ပြောကြားခဲ့သည်။

အမေရိကန်အစိုးရသည် ယခင်က စစ်ရေးနည်းလမ်းအသုံးပြုရန် လိုလားခြင်းမရှိခဲ့ကြောင်း၊ သို့ရာတွင် ယခုအချိန်တွင် ရွေးချယ်မှုများအားလုံးကို စဉ်းစားထားဖို့လိုအပ်ကြောင်း အမေရိကန်ကွန်ဂရက်လွှတ်တော်၏ ဝါရင့် ရီပတ်ဘလီကန် တစ်ဦးဖြစ်သူ ပေါလ်ရန်းက ပြောကြားသည်။

ရိုက်တာ(ပြန်/ဆက်)

No comments:

Post a Comment