Latest News

Wednesday, April 12, 2017

သေနတ်၊ ဓားအသွင် ပုံစံတူများ၊ နိုင်ငံခြားအလံများ မျက်နှာဖုံးများ ရောင်းချခြင်းမပြုရန် သတိပေး

သေနတ်၊ ဓားအသွင် ပုံစံတူများ၊ နိုင်ငံခြားအလံများ မျက်နှာဖုံးများ ရောင်းချခြင်းမပြုရန် သတိပေး

မန္တလေး ဧပြီ ၁၁

မန္တလေးမြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း မဟာသင်္ကြန်ကို အကြောင်းပြုပြီး မျက်နှာဖုံးများ၊ လိင်စိတ်ကြွဆေးများ၊ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ၊ စစ်ဘက်ဆိုင်ရာအသုံးအဆောင်များ၊ လူကိုထိခိုက်ဒဏ်ရာရရှိစေနိုင်သော ချွန်ထက်ပြတ်ရှစေသောပစ္စည်း၊ တုတ်၊ ဓားလက်နက် ပစ္စည်းများ၊ သေနတ်၊ ဓားအသွင်ပုံစံတူအတုပြုလုပ်ထားပြီး မြင်တွေ့သူကို အထိတ်တလန့် ဖြစ်စေနိုင်သော ပစ္စည်းများ၊ နိုင်ငံခြားတိုင်းပြည်များ ၏အလံများ ရောင်းချခြင်း၊ အသုံးပြုခြင်းမပြုရန် မဟာသင်္ကြန်ပွဲတော်စီမံ ခန့်ခွဲရေး၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းကော် မတီက ကြိုတင်သတိပေးတားမြစ်ထားပြီး လိုက်နာခြင်းမရှိပါက ဆိုင်ပိတ်သိမ်းမည့်အပြင် ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်ပြည်သူ(မန္တလေး)

No comments:

Post a Comment