Latest News

Tuesday, April 4, 2017

ထီဖွင့်ရာတွင် အသုံးပြုသည့် ဂေါ်လီလုံးများ အလေးချိန် ကွာဟနေခြင်းသည် သက်တမ်းကြာမြင့်ခြင်းကြောင့်ဖြစ်ကြောင်း တာဝန်ရှိသူဆို

ထီဖွင့်ရာတွင် အသုံးပြုသည့် ဂေါ်လီလုံးများ အလေးချိန် ကွာဟနေခြင်းသည် သက်တမ်းကြာမြင့်ခြင်းကြောင့်ဖြစ်ကြောင်း တာဝန်ရှိသူဆို

အောင်ဘာလေထီဖွင့် လှစ်ရာတွင် အသုံးပြုသည့် ဂေါ် လီလုံးများသည် သစ်သားဖြင့်ပြု လုပ်ထားပြီး နှစ်ပေါင်း ၂၀ ကျော် အကြာ အသုံးပြုခဲ့သဖြင့်  ပွတ် တိုက်မှုများကြောင့် အလေးချိန် ကွာဟနေကြောင်း ပြည်တွင်းအ ခွန်များဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမင်းထွဋ်က ပြောသည်။

ဧပြီ ၁ ရက်က ကျပ် ၅၀၀ တန် အောင်ဘာလေထီဖွင့်ပွဲပြု လုပ်စဉ် ထီကိုယ်စားလှယ်တစ်ဦး က ကတ္တားချိန်စက်ဖြင့် ထီဖွင့် လှစ်ရာတွင် အသုံးပြုသော ဂေါ် လီလုံးများကို တိုင်းတာခဲ့ရာ အ လေးချိန်ကွာဟမှုရှိကြောင်းတွေ့ ရှိခဲ့ပြီး အဆိုပါကိစ္စနှင့်ပတ်သက် ၍ အငြင်းပွားမှုများထွက်ပေါ်ခဲ့ သည်။

 ‘‘ဒီဂေါ်လီလုံးတွေကိုပဲ အောင်ဘာလေထီဖွင့်လှစ်တဲ့အ ခါ အသုံးပြုခဲ့တာနှစ်ပေါင်း ၂၀ ကျော်ကြာပါပြီ။ သစ်သားနဲ့လုပ် တာဖြစ်တဲ့အတွက် ပွတ်တိုက်မှု တွေကြောင့် အလေးချိန်ကွာဟ တာရှိနိုင်သလို အသုံးပြုတဲ့သစ် ရဲ့အနေအထားကြောင့်လည်းဖြစ် နိုင်တယ်။ ကွာတယ်ဆိုတာက လည်း သိပ်အကွာကြီးမဟုတ်ပါ ဘူး။ ပြီးတော့ ဂေါ်လီလုံးကို စည် ပိုင်းအ၀ိုင်းထဲ လှိမ့်ပြီး ကလေး တွေက နှိုက်ယူတာဖြစ်တာ ကြောင့် မသမာမှုမဖြစ်နိုင်ပါဘူး’’ ဟု ဦးမင်းထွဋ်က ပြောသည်။

ပထမဆုံးအကြိမ် ကျပ် ၅၀၀ တန်ထီဖွင့်လှစ်စဉ် စစ်ကိုင်း တိုင်းဒေသကြီးမှ ထီရောင်းသူ တစ်ဦးက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက် ဖြင့် ထီဖွင့်လှစ်မည့်အပေါ်သို့ တက်ကာ ဂေါ်လီလုံးများကို ကတ္တားဖြင့် ချိန်တွယ်စစ်ဆေးခဲ့ သည်။

ထိုသို့ စစ်ဆေးရာတွင် က/ဃ အက္ခရာ ထီဂေါ်လီလုံး အ လေးချိန်သည် ၉၄ ဒသမ ၅၃ ဂရမ်ရှိပြီး၊ က/ဂ အက္ခရာ ဂေါ်လီ လုံးမှာ ၁၁၀ ဒသမ ၁၂ ဂရမ်ဖြစ် နေ၍ ကွာခြားမှုရှိကြောင်း တွေ့ရှိ ခဲ့သည်။

ထီဖွင့်လှစ်ရာတွင် အသုံးပြု ရန် အက္ခရာဂေါ်လီ ၆၅ လုံးသာ ပြုလုပ်ထားပြီး အပိုထားရှိခြင်း မရှိဘဲ လစဉ် ထီဖွင့်လှစ်တိုင်း အ ဆိုပါဂေါ်လီများသာ အသုံးပြုခဲ့ ကြောင်း သတင်းရရှိသည်။

‘‘ခေတ်ကာလ အခြေအနေ အရထီဖွင့်လှစ်မှုပုံစံပြောင်းလဲဖို့ ကိုလည်း ကျွန်တော်တို့ ကြိုးစားနေပါတယ်။ အထက်က E-Lottery စမှပဲ ပြောင်းပါဆိုတာ ကြောင့် အဲဒီစနစ် စတဲ့အချိန်အ ထိတော့  ဒီအတိုင်းဆက်သွားဖြစ် နေဦးမှာပါ။ ဂေါ်လီလုံးတွေမှာက ရော်ဘာကပ်ထားတဲ့အတွက် လှည့်လိုက်တာနဲ့ တစ်လုံးနဲ့တစ် လုံးထိမိပြီးခုန်သွားပါတယ်။ လေး လို့ ပေါ့လို့ အထက်အောက်ဖြစ် စရာမရှိဘူး’’ဟု အောင်ဘာလေ သိန်းဆုဌာနခွဲ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းအောင်က ပြော သည်။

ကျပ် ၅၀၀ တန် ထီဖွင့်ပွဲ မ ပြုလုပ်မီ ဒေသအာဏာပိုင်အဖွဲ့ အစည်းမှ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ရှိ ထိပ်တန်းထီအရောင်းဆိုင် ပိုင်ရှင်၊ ထီကိုယ်စားလှယ်များက ထီဂေါ်လီလုံးများကို ကြည့်ရှုစစ် ဆေးခဲ့ကြသည်။
( 7Day News )

No comments:

Post a Comment