Latest News

Sunday, April 2, 2017

မော်ဒယ်လောကကို ထိုးဖောက်နိုင်စွမ်းရှိတဲ့ အသက် ၇ နှစ် အရွယ်ကောင်မလေး


အမေရိကန်နိုင်ငံ ကယ်လီဖီုးနီယား ပြည်နယ်က အသက် ၇ နှစ်အရွယ်သာရှိသေးတဲ့ ဆာဗီ မွန်ရိုစ့် ဆိုတဲ့ကောင်မလေး ဟာ မော်ဒယ်လော့က မှာအသက် ငယ်ငယ်ရွယ်ရွယ် နဲ့ ချက်ခြင်းနာမည်ကြီးလာတယ်လို့သိရပါတယ်။
ဆာဗီဟာ  အွန် လိုင်းပေါ်မှာ လူထောင်ပေါင်းများစွာ ကြည့်ရှုခဲ့တဲ့ Sia ရဲ့ Music Video တစ်ခုမှာ ပါဝင်
သရုပ်ဆောင်ခဲ့ဖူးပါတယ်။ဒါ့အပြင် နာမည်ကြီး ဖက်ရှင် Brand တစ်ခုဖြစ်တဲ့ H&M အတွက်လည်း
 ကြော်ငြာတွေ ရိုက်ကူးပေးခဲ့ပါတယ်။
ဆာဗီ ဟာ  (၁၈)လအရွယ်တည်းက သူမဟာ မော်ဒယ်တစ်ယောက်အဖြစ် လုပ်လာခဲ့တယ်လို့သိရပါ
တယ်။
 ဆာဗီဟာ  Lucky Brand Jeans, Lands’ End, Mini Boden, Peek Kids ၊ Maddie Ziegler’s brand Maddie Style စတဲ့ နာမည်ကြီး Brand တွေအတွက် မော်ဒယ်အဖြစ် လုပ်ဆောင်ခဲ့သူဖြစ်စပါတယ်။
မော်ဒယ်နဲ့အကဟာ သူမရဲ့ မွေးရာပါ ပင်ကိုယ်အရည်အချင်းလို့ ဆိုရမှာပါ။နောက်ထူးခြားချက်တစ်ခု ဟာ
မော်ဒယ်လေး ဆာဗီ ဟာ မော်ဒယ်အလုပ်အတွက်လေ့ကျင့် သင်ကြားပေးစရာမလိုဘဲတတ်မြောက်နေ
တာဖြစ်တယ်လို့ မိခင်ဖြစ်သူကပြောပါတယ်။
သူမ သရုပ်ဆောင်ထားတဲ့ Sia ရဲ့ The Great est ဗီဒီယိုဖိုင်ဟာ ကြည့်ရှုသူ သန်း(၃၀၀)ကျော်အထိ ရှိခဲ့ပါတယ်။
Ref vn
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်။

No comments:

Post a Comment