Latest News

Sunday, April 2, 2017

ရှမ်းပြည်နယ်မှာ NLD ရှုံးတာ ဘာသာစကားအခက်အခဲကြောင့်လို့ ဦးဝင်းထိန်ပြော


နေပြည်တော် ဧပြီ ၂ရက်။ ။ရှမ်းပြည်နယ်မှာ NLD ရှုံးတာဟာ ရှမ်းဘာသာ စကား မတတ်တာကြောင့် ရှုံးရခြင်းဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်ကပြောပါတယ်။
“ရှမ်းပြည်မှာတော့ အန်ကယ်တို့  ထင်တိုင်း မပေါက်ဘူး မပေါက်တဲ့ အဓိက အကြောင်းက တော့ ရှမ်းဘာသာစကားမတတ်တာ၊သူတို့ ဆီမှာ လူဆယ်ယောက်ရှိရင် နှစ်ယောက်လောက်ပဲ မြန်မာလိုတတ်တယ်။ကျန်တဲ့ ရှစ်ယောက်က မတတ်ဘူး” လို့ ဦးဝင်းထိန်ကပြောပါတယ်။
ရှမ်းပြည်နယ်ရှိ မဲဆန္ဒနယ်များမှာ ကျေးသီးမဲဆန္ဒနယ်(၁)၊ ကျေးသီးမဲဆန္ဒနယ်(၂)၊ မိုင်းရှူးမဲဆန္ဒနယ်(၁) ၊ မိုင်းရှူးမဲဆန္ဒနယ်(၂)၊ ကျိုင်းတုံမဲဆန္ဒနယ်(၂)၊ ညောင်ရွှေမဲဆန္ဒနယ်(၁) နေရာတို့မှာ ၀င်ရောက်ယှဉ်ပြိုင်ရာမှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
“ အခုရှမ်းမှာ ရှုံးတာ မကြိုးစားလို့ မဟုတ်ပါဘူး၊ ကြိုးစားခဲ့ပေမယ့် ရလဒ်မကောင်းခဲ့တာပါ။” လို့လည်းဦးဝင်းထိန်ကပြောပါတယ်။
ဧပြီလ ၁ ရက်နေ့မှာကျင်းပတဲ့လွှတ်တော်ကိုယ်စားလှယ်လစ်လပ် ၁၉ နေရာမှာ ပြည်သူ့လွှတ်တော် ၉ နေရာ၊ အမျိုးသားလွှတ်တော် ၃ နေရာ နှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ၇ နေရာဖြစ်ပြီး နိုင်ငံရေးပါတီပေါင်း ၂၄ ပါတီက ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
Author/photo – မိုးမိုး
Kumudra

No comments:

Post a Comment