Latest News

Sunday, April 2, 2017

အစိုးရဆန်ကျင့် သူ ၃၀ နီးပါးကို ရုရှား ရဲတပ်ဖွဲ ဖမ်းဆီး


ရုရှားအစိုးရ ဟာ ဒီနေ့မှာဖြစ်ပေါ်ခဲ့တဲ့ အကျင့်ပျက်ခြစားမှု ဆန်ကျင့်ရေးဆန္ဒပြပွဲအတွင်း ပါဝင်ခဲ့သူတွေထဲ က လူပေါင်း ၃၀ ကျော်ကို ဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။
 ပြီးခဲ့တဲ့ သီတင်းပတ် က ကြီးမားတဲ့ ဆန္ဒပြမှုတွေဖြစ်ပေါ်ခဲ့ပြီးနောက်တစ်ပတ်အကြာမှာ အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေးဆန္ဒပြမှုဖြစ်ခဲ့တာပါ၊ ပြီးခဲ့တဲ့သီတင်းပတ် ကဖြစ်ခဲ့တဲ့ဆန္ဒပြပွဲအတွင်း ရုရှားရဲတွေ ဟာဆန္ဒပြပွဲ့ ခေါင်းဆောင် နာဗာနီ အပါဝင် လူရာချီကို ဖမ်းဆီးခဲ့ဖူးပါတယ်။ ဆန္ဒပြသူတွေ ဟာ ၀န်ကြီးချုပ် မက်ဗီဒက်ကိုရာထူးကနုတ်ထွက်ဖို့တောင်းဆိုဆန္ဒပြခဲ့ပါတယ်။

  ဒီနေ့မှာဖြစ်ခဲ့တဲ့ဆန္ဒပြပွဲမှာတော့ ရုရှားရဲတွေ ဟာ လူပေါင်း ၂၀ ကနေ ၃၀ အထိဖမ်းဆီးခဲ့ပြီး ရုရှား အစိုးရ အဖွဲရုံးဆီ စီတန်းလှည့်လည် ဆန္ဒပြဖို့ ပြုလုပ်ချိန်မှာ ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ ဆန္ဒပြပွဲအတွင်း ကျောင်းသားတွေလည်းပါဝင်ခဲ့ပြီး ရုရှားအစိုးရ အများပြည်သူနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေကိုချိုးဖောက်လို့ ဖမ်းဆီးတာလို့ ပြောပါတယ်။
ဆန္ဒပြပွဲမှာပါဝင်သူတစ်ဦးက “ဆန္ဒပြတဲ့မြို့တွေ လူတွေကို ဖမ်းဆီးထိန်းသိမ်းလိုက်တာက ပြသာနာကို
ပိုမိုကြီးထွားလာစေတယ်။ ပြည်သူတွေ ဟာရိုက်နှက်ခံရတယ်။ “လို့ပြောပါတယ်။ ဒီနေ ဆန္ဒပြမှုမှာ ပါဝင်သူတွေ ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ခဲ့တဲ့ ကြီးမားတဲ့ ဆန္ဒပြမှုထဲက အုပ်စုငယ်တစ်ခု ဖြစ်ပါတယ်။
၂၀၁၁-၁၂ ခုနှစ်ကဖြစ်ခဲ့တဲ့အစိုးရဆန်ကျင့်ရေး ဆန္ဒပြမှုဖြစ်ပေါ်ပြီးနောက် အခု ဆန္ဒပြမှု ဟာအကြီးမားဆုံးဆန္ဒပြမှုဖြစ်ခဲ့ပါတယ်။ ရုရှားသ မ္မတ ပူတင် ဟာ သမ္မတ သက်တမ်း ၄ ကြိမ်မြောက် ယှဉ်ပြိုင်ဖို့ ၁ နှစ်အလိုမှာ အခုလိုမျိုး အစိုးရ ဆန်ကျင့်ရေး ဆန္ဒပြမှုတွေဖြစ်လာခဲ့တာပါ။
ref reuter
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်

No comments:

Post a Comment