Latest News

Tuesday, April 4, 2017

ရေးမြို့၌ တရားမဝင် အရက်၊ ဘီယာပါကင် ၁၄၆ သိန်းကျော်တန်ဖိုးခန့် ဖမ်းမိ

ရေးမြို့၌ တရားမဝင် အရက်၊ ဘီယာပါကင် ၁၄၆ သိန်းကျော်တန်ဖိုးခန့် ဖမ်းမိ

မွန်ပြည်နယ် ရေးမြို့ သီရိခေမာရပ်ကွက်၊ မြို့တော်ဦး ဘီးခွန်ကောက်ဂိတ်မှာ ဧပြီ ၄ ရက်နေ့ မနက်က ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်နဲ့ အဖွဲ့ဝင်များ၊ ရေးမြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဒါးရှင်းခိုင်နဲ့ ရဲတပ်ဖွဲ့ဝင်များ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မော်လမြိုင်မှ ရေးမြို့ဘက်ကို တရားမဝင် သယ်ဆောင်လာတဲ့ အရက်နဲ့ ဘီယာပါကင်တွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

တရားမဝင် အရက်၊ ဘီယာတွေ တင်ဆောင်လာတဲ့ Camter ကန်တာ ၆ ဘီးယာဉ်နဲ့  ရေးမြို့နေသူ ယာဉ်မောင်း ဦးတင့်နိုင်ဝင်း မောင်းနှင်လာတဲ့ ယာဉ်ကို ရပ်တန့် ရှာဖွေရာ ယာဉ်ပေါ်မှာ LEO တံဆိပ် ပါကင် ၄၀၀၊ Cham စာတန်းပါ ဘီယာ ပါကင်၂၀၊ Cheer တံဆိပ်ပါကင် ၂၀၊ singha စာတန်းပါ ဘီယာပါကင် ၁၀၀၊ Myanmar ဘီယာပါကင် ၂၀၊ Man Whi Sky ၅ ဖာ၊ Royak Ckub အရက်ဖာ ၅ ဖာ၊ New R P Rum ၃၀ ပါကင်၊ ရှောက်ပေါင်း ပါကင် ၂၀၊  စုစုပေါင်း ကာလတန်ဖိုး ၁၄၆ သိန်း ၁ သောင်းကျပ် သိမ်းဆည်းရမိခဲ့ပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားမဝင် အရက်နဲ့ ဘီယာပါကင်များ လက်ဝယ်ထားရှိသူ ယာဉ်မောင်း ဦးတင့်နိုင်ဝင်းကို ရေးမြို့မရဲစခန်းမှ (ပ)၁၀၀/၂၀၁၇၊ ယစ်မျိုးဥပဒေ ပုဒ်မ-၃၀(က) အရ ဧပြီ ၄ ရက်နေ့ မနက် ၈ နာရီအချိန်မှာ ဒုရဲအုပ် ဒါးရှင်းခိုင်က တရားလိုပြုလုပ် တိုင်တန်းခဲ့ပြီး အမှုဖွင့် အရေးယူထားတယ်လို့ ရေးမြို့မရဲစခန်းမှ သိရပါတယ်။

သတင်း - နေမျိုးထွဋ်
DVB

No comments:

Post a Comment