ဥရောပသမဂ္ဂအဖွဲ့ ဆု မြန်မာ သုံးဦး ရရှိ
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခံရသူ တရားရုံးချုပ်ရှေ့နေကြီး ဦးကိုနီ အပါအ၀င် မြန်မာနိုင်ငံသား သုံးဦးကို ၂၀၁၇ခုနှစ်အတွက် ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး သံတမန်ဆိုင်ရာ ရှူးမန်း ဆု Schuman Awards ကို ဥရောပသမဂ္ဂအဖွဲ့က ချီးမြှင့်လိုက်တယ်လို့ ဒီနေ့ကြားရပါတယ်။
ဒီဆုကို ဥရောပသမဂ္ဂနှစ် ၆၀အထိမ်းအမှတ်နေ့မှာချီးမြှင့်တာဖြစ်ပြီး ဦးကိုနီနဲ့ အတူ ညီမျှမြန်မာအဖွဲ့က ဦးအောင်မျိုးမင်းနဲ့ ကချင်အမျိုးသမီးဒေါ်ဂျာနန်တို့ကို ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံသားတွေကို ပထမဆုံးအကြိမ် ဒီဆု ချီးမြှင့်တာဖြစ်ပြီး EU သံအမတ်ကြီး Roland Kobia က ဥရောပသမဂ္ဂက စံနှုန်းတွေနဲ့ အညီမြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ လုပ်ဆောင်သူတွေကို ရွေးချယ်ပေးအပ်တာဖြစ်တယ်လို့ ပြောပါတယ်။
ဒီဆုဟာ ဥရောပသမဂ္ဂအဖွဲ့ စတင်ခဲ့သူတစ်ဦးဖြစ်တဲ့ ပြင်သစ် ၀န်ကြီးချုပ်ဟောင်း Robert Schuman ကို အမှတ်တရ ဂုဏ်ပြုပေးအပ်တဲ့ ဆုဖြစ်ပါတယ်။ (Photo credit: EU)RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment