အ၀တ်ချွတ်ကာ လမ်းမပေါ်ထွက်သွားသူ အမျိုးသမီးတွင် ကလေးငယ် နှစ်ဦးပါရှိ
မတ်လ ၃၁ ရက်၊ ည ၇ နာရီခန့်က မရမ်းကုန်း၊ ပြည်လမ်းတွင် အဝတ်ဗလာကျင်းဖြင့် သွားနေသော အမျိုးသမီးတွင် ကလေးငယ် နှစ်ဦး ပါရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ထုတ်ပြန်မှုအရ သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၃၁ ရက်နေ့၊ ည ၇ နာရီအချိန်ခန့်တွင် အသက် (၃ဝ) ခန့်အရွယ်ရှိအမျိုးသမီးတစ်ဦးက အင်းစိန် မြို နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ (၁၀)မိုင်ကုန်းရှိဒံပေါက်ဆိုင်ရှေ့ ပြည်လမ်းမလယ်တွင် အသက် တစ်နှစ်အရွယ် ယောက်ျားလေး ၁ ဦးနှင့် သုံးနှစ်အရွယ် မိန်းကလေးငယ် ၁ဦးကို ထားခဲ့၍ အဝတ်အစားများ ချွတ်ပြီး ပြည်လမ်း၊ ၉ မိုင်၊ မရမ်းကုန်းဘက်သို့ ထွက်သွားခဲ့သည်။
ထိုသို့ အဝတ်ဗလာကျင်းဖြင့် သွားနေသော အမျိုးသမီးကို မရမ်းကုန်းမြို့မရဲစခန်းမှ တွေ့ရှိထိန်းသိမ်းထား ခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြည်လမ်း၊ ၉ မိုင်ရှိ မရမ်းကုန်းမြို့မရဲစခန်းသို့ သွားရောက်မေးမြန်းခဲ့ရာ ရန်ကုန် တိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည့် အချက်အလက်အတိုင်းသာဖြစ်သည်ဟု ဖြေကြားခဲ့သည်။
အဆိုပါ အမျိုးသမီးက လမ်းမလယ်တွင် ထားခဲ့သည့် ကလေးငယ်နှစ်ဦးကို ပြည်သူတစ်ဦးမှတွေ့ရှိ၍ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ပို့ဆောင်ပေးခဲ့ပြီး ထိုမှတဆင့် အင်းစိန်မြို့မရဲစခန်းသို့ သွားရောက်အပ်နှံခဲ့သည်။ အဆိုပါ အ၀တ်ဗလာကျင်းပြီး သွားလာနေသူအမျိုးသမီးအား မရမ်းကုန်းမြို့မရဲစခန်းမှ ထိန်းသိမ်းထားကြောင်း သိရှိရသဖြင့် ဧပြီလ ၁ ရက်နေ့တွင် ကလေးငယ်နှစ်ဦးကို မရမ်းကုန်းမြို့မရဲစခန်းသို့ ထပ်မံလွှဲပြောင်းပေးခဲ့သည်။
အဆိုပါ ကလေးငယ်နှစ်ဦး၏ မိသားစုဝင်များကို မရမ်းကုန်းမြို့မရဲစခန်းမှ တာဝန်ရှိသူများက စုံစမ်းခဲ့ပြီး ဧပြီလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ဒဂုံမြို့သစ်တောင်ပိုင်းတွင် နေထိုင်သည့် ဒေါ်ချိုတီနှင့် အဒေါ်ဖြစ်သူ ဒေါ်ဇင်မာသန့် တို့ထံ လွှဲပြောင်းပေးခဲ့သည်။
အဝတ်ဗလာကျင်းဖြင့် သွားလာနေသည့် အဆိုပါအမျိုးသမီးကို မရမ်းကုန်းမြို့မရဲစခန်းမှ ထိန်းသိမ်းထားကာ စစ်ဆေးဆောင်ရွက်လျက်ရှိသည်
Mizzima
Monday, April 3, 2017
အ၀တ်ချွတ်ကာ လမ်းမပေါ်ထွက်သွားသူ အမျိုးသမီးတွင် ကလေးငယ် နှစ်ဦးပါရှိ
အ၀တ်ချွတ်ကာ လမ်းမပေါ်ထွက်သွားသူ အမျိုးသမီးတွင် ကလေးငယ် နှစ်ဦးပါရှိ
Reviewed by Ar Ti
on
8:31 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment