Latest News

Friday, April 7, 2017

တချိန်က နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ အကြောင်းပြန်ပြောင်းပြောပြတဲ့ ၀န်ကြီးချုပ်


ဧရာဝတီတိုင်းဝန်ကြီးချုပ်မန်းဂျော်နီက တချိန်က သူဖမ်းဆီးခံခဲ့ရတဲ့အကြောင်းကို
ကျုံပျော်မြို့  ဧရာမင်းခန်းမမှာပြုလုပ်တဲ့တွေ့ ဆုံပွဲမှာ ပြန်ပြောင်းပြောကြားခဲ့ပါတယ်။

"တချိန်ကရေတွေကြီးလို့ လူတွေငတ်နေတာကို စုပေါင်းပြီး ဆန်သုံးပြည်ဝေတာကိုတောင်
အုပ်ချုပ်သူကို အကြည်ညို ပျက်အောင်လုပ်တယ်ဆိုပြီး ပုဒ်မတပ်ဖမ်းခဲ့တယ်"လို့ ထောင်ကျခဲ့ဘူးတဲ့ 
အကြောင်းအရာများစွာထဲကတစ်ခုကို ပြန်လည်ပြောပြပါတယ်။

နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့်ဖမ်းဆီးခံခဲ့ရပြီး ကျုံပျော်မြို့အချုပ်ခန်းရဲ့ အခန်းခြောက်ခန်းလုံးမှာ
သူနေခဲ့ဖူးတယ်လို့ဝန်ကြီးချုပ်ကပြောပါတယ်။

ခေတ်ရဲ့အလှည့်အပြောင်းမှာ သူ့ကိုဖမ်းဆီးခဲ့တဲ့သူတချို့ ကံမကောင်းအကြောင်းမလှဖြစ်သွားကြ
တဲ့အကြောင်းကိုလည်း ခုလိုပြောပြပါတယ်။
"တစ်ချိန်က ကျနော်ကို ဖမ်းဆီးထောင်ချခဲ့တဲ့ရဲ အခုဆိုရင် လေဖြတ်ပြီးတော့ဈေးထဲမှာ
တုတ်ချောင်းတစ်ချောင်းနဲ့တောင်းစားနေရတဲ့ဘ၀ရောက်နေပြီ။နောက်တစ်ယောက်လည်းလေဖြတ်နေ
တယ်။အိမ်မှာ နောက်တစ်ယောက်ကတော့ သေသွားပြီ။ တစ်ယောက်ကတော့ ရဲထဲက ထွက်သွား
တယ်"လို့  ၀န်ကြီးချုပ်ကပြောပါတယ်။
"ကျနော် သူတို့ ကို အပြစ်ပြောတာ မဟုတ်ဘူး။ အထက်အဆင့်ဆင့်ကခိုင်းလို့  သူတို့လုပ်ခဲ့ရတာကို
ကျနော်နားလည်ပါတယ်" လို့ လည်းပြောပါတယ်။
အဲဒီနေ့ ကတွေ့ ဆုံ ပွဲကိုဌာနဆိုင်ရာ(၃၃)ဦး မြို့ မိ မြို့ ဖ(၁၂)ဦး၊ရပ်ကွက်နှင့်ကျေး ရွာအုပ်ချုပ်ရေးမှူး(၈၂)ဦးNLDပါတီဝင်များ (၁၆၃)၊ဒေသခံပြည်သူ(၁၄၀)ဥိး စုစုပေါင်းဦးတက်ရောက်ခဲ့ ပါတယ်။
မျိုးမင်းပိုင်

No comments:

Post a Comment