မဟာမုနိဘုရားကြီး ရွှေမိုက်ထုတ်လုပ်ငန်းမှ သန့်စင်ရရွှေချောင်း (၁၄)ချောင်း စုစုပေါင်းအလေးချိန် (၁၆ ပိဿာ ၉၃ကျပ်သား၊ ၅ပဲ၊ ၅.၅ရွေး)တိတိ ရရှိ
သြဝါဒါစရိယ ဆရာတော်ကြီးများထံမှ သြဝါဒခံယူပွဲနှင့် (၆၇)ကြိမ်မြောက် ရွှေမိုက်ထုတ်လုပ်ငန်းမှ ရရှိသည့် သန့်စင်ရရွှေချောင်းအပ်နှံပွဲကို ဧပြီ ၇ရက် နံနက် ၉နာရီခွဲက မန္တလေးမြို့ မဟာမုနိဘုရားကြီး မိုးကောင်းဓမ္မာရုံတွင် ကျင်းပသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခန်းအနားဖွင့်လှစ်ပြီး သဘာပတိဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ သြဝါဒါစရိယ ဆရာတော်ကြီးများ လူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် သြဝါဒါစရိယ ဆရာတော်ကြီးများက သြဝါဒချီးမြှင့်တော်မူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
ဆက်လက်၍ (၆၇)ကြိမ်မြောက် မဟာမုနိဘုရားကြီး ရွှေမိုက်ထုတ်လုပ်ငန်းမှ ရရှိသည့် သန့်စင်ရရွှေချောင်းအပ်နှံပွဲကို ဆက်လက်ကျင်းပရာ သန့်စင်ရရွှေချောင်း (၁၄)ချောင်း စုစုပေါင်းအလေးချိန် (၁၆ ပိဿာ ၉၃ကျပ်သား၊ ၅ပဲ၊ ၅.၅ရွေး)တိတိအား သြဝါဒါစရိယ ဆရာတော်ကြီးများ ရှေ့မှောက်တွင် ဘုရားကြီးဘဏ္ဌာတော်တိုက်အတွင်းသို့ ထည့်သွင်းသိမ်းဆည်းကြသည်။
TheMandalayNewsJournal
Friday, April 7, 2017
မဟာမုနိဘုရားကြီး ရွှေမိုက်ထုတ်လုပ်ငန်းမှ သန့်စင်ရရွှေချောင်း (၁၄)ချောင်း စုစုပေါင်းအလေးချိန် (၁၆ ပိဿာ ၉၃ကျပ်သား၊ ၅ပဲ၊ ၅.၅ရွေး)တိတိ ရရှိ
မဟာမုနိဘုရားကြီး ရွှေမိုက်ထုတ်လုပ်ငန်းမှ သန့်စင်ရရွှေချောင်း (၁၄)ချောင်း စုစုပေါင်းအလေးချိန် (၁၆ ပိဿာ ၉၃ကျပ်သား၊ ၅ပဲ၊ ၅.၅ရွေး)တိတိ ရရှိ
Reviewed by Ar Ti
on
10:53 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment