Latest News

Sunday, April 30, 2017

ခုနစ်တန်ခန့်ရှိ ကျောက်စိမ်းအရိုင်းတုံးအား မြစ်ကြီးနားမြို့သို့ ပို့ဆောင်

ခုနစ်တန်ခန့်ရှိ ကျောက်စိမ်းအရိုင်းတုံးအား မြစ်ကြီးနားမြို့သို့ ပို့ဆောင်

ဖားကန့် ဧပြီ ၃ဝ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်း ကျေးရွာအုပ်စု ဆန်ခါကျေးရွာအနီး တောက်ပကြယ် ကျောက်မျက် တူးဖော်ရေးကုမ္ပဏီ လုပ်ကွက်အတွင်းမှ ရေမဆေး ကျောက်ရှာဖွေသူငါးဦးတို့က တူးဖော်တွေ့ရှိသည့် အလေးချိန် ခုနစ်တန်ခန့်ရှိ ကျောက်စိမ်းအရိုင်း တုံးကြီးကို ကုမ္ပဏီနှင့် ရေမဆေးသမား များအကြား ညှိနှိုင်းအဆင်ပြေ၍ ဧပြီ ၂၉ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

အဆိုပါ ကျောက်စိမ်းအရိုင်းတုံးကို ဧပြီ ၂၆ ရက် နံနက်ပိုင်းက ရေမဆေး ကျောက်ရှာဖွေသူငါးဦးတို့က စတင် တွေ့ရှိခဲ့ပြီး ရေမဆေးလိုက်ပါ ဆောင်ရွက် သူ (ဒေသအခေါ်ဂျော်ကီ) စာရင်းအရ
၁ဝဝဝဝ ခန့်တို့မှ တူးဖော်ကာ မှော်စာပုံကျေးရွာ ကိုယ့်အားကိုယ်ကိုးကျောင်းဝင်း အတွင်းသို့ သရီးကရောင်းယာဉ်ဖြင့် သယ်ယူသွားခဲ့ရာ ကျောက်မျက်ကုမ္ပဏီနှင့် ရေမဆေးသမားများကြား ညှိနှိုင်းပြေလည်မှု မရရှိခဲ့သဖြင့် ဧပြီ ၂၈ ရက်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူ များ၏ ညှိနှိုင်းဆောင်ရွက်ပေးခဲ့မှုဖြင့် ကုမ္ပဏီမှ ငွေ$ကျပ်သိန်း ၁၃ဝဝ ထုတ်ပေး ခဲ့သည်။

အဆိုပါကျောက်စိမ်းအရိုင်းတုံးတွေ့ရှိသူငါးဦးအား ငွေ$ကျပ်သိန်း ၃ဝဝနှင့် ရေမဆေး ဂျော်ကီများအား တစ်ဦးလျှင် ငွေ$ကျပ် ၁ဝဝဝဝ စီဖြင့် ပြေလည်မှုရရှိခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် အဆိုပါကျောက်စိမ်းအရိုင်းတုံးကြီးအား မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း ကျောက်မျက်တူးဖော်ရေးဌာနမှ မြစ်ကြီးနားမြို့သို့ သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)

No comments:

Post a Comment