Latest News

Sunday, April 30, 2017

ပြောင်းရွှေ့ကြေး ပမာဏ ပေါင်သန်း ၃၀ ရရှိပါက ဂျိုးဟတ်ကို မန်ယူထံသို့ ပြောင်းရွှေ့ခွင့်ပေးဖွယ်ရှိ

ပြောင်းရွှေ့ကြေး ပမာဏ ပေါင်သန်း ၃၀ ရရှိပါက ဂျိုးဟတ်ကို မန်ယူထံသို့ ပြောင်းရွှေ့ခွင့်ပေးဖွယ်ရှိ

မန်ချက်စတာ၊ ဧပြီ ၃၀

မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် တိုရီနိုထံသို့ အငှားချထားသည့် ဂိုးသမား ဂျိုးဟတ်ကို ဒါဘီပြိုင်ဘက် မန်ယူထံသို့ ရောင်းထုတ်ဖွယ် ရှိနေပြီး မန်ယူဘက်က ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၃၀ သန်း အသုံးပြုမည် ဆိုပါက ယင်းအပြောင်းအရွှေ့မှာ ဖြစ်ပေါ်လာနိုင်ဖွယ် ရှိနေကြောင်း Marca က ဖော်ပြထားသည်။

မန်ယူပွဲထွက်ဂိုးသမား ဒီဂီယာသည် လာမည့် နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်တွင် ရီးရဲလ်မက်ဒရစ်ထံသို့ ပြောင်းရွှေ့ရန် လွန်စွာနီးစပ်နေပြီ ဖြစ်ကာ ရီးရဲလ်မက်ဒရစ်နှင့် ဒီဂီယာအကြားတွင် ပုဂ္ဂိုလ်ရေး အချက်အလက်များကို သဘောတူညီမှု ရထားပြီ ဖြစ်ကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။

မန်ယူနည်းပြ မော်ရင်ညိုသည် ဒီဂီယာကို လက်လွှတ်လိုက်ရပါက ယင်းကွက်လပ်ကို အစားဖြည့်ရန်အတွက် ထိပ်တန်းအဆင့် ဂိုးသမားတစ်ဦး ပြန်လည်ခေါ်ယူရန် ရည်မှန်းထားပြီး မော်ရင်ညို၏ ဂိုးသမားသစ် လျာထားစာရင်းတွင် ဂျိုးဟတ်မှာလည်း တစ်ဦးအပါအဝင် ဖြစ်လျက်ရှိသည်။

မန်စီးတီးနှင့် ဂျိုးဟတ်အကြားတွင် ချုပ်ဆိုထားသောစာချုပ်သည် သက်တမ်းအားဖြင့် ၂ နှစ် ကျန်ရှိသေးကာ အခြားသောပြိုင်ဘက်များ အနေနှင့် ဂျိုးဟတ်ကို ခေါ်ယူလိုပါက ပေါင်သန်း ၂၀ သာ ကုန်ကျမည် ဖြစ်သော်လည်း မန်ယူက ဂျိုးဟတ်အတွက် ကမ်းလှမ်းမှုများ ရှိလာခဲ့မည် ဆိုပါကမူ ပြောင်းရွှေ့ကြေး ပမာဏကို ပေါင်သန်း ၃၀ အထိ တောင်းဆိုရန် ဂွါဒီယိုလာက ပြင်ဆင်ထားသည်။

ဂျိုးဟတ်သည် လာမည့် ၂၀၁၇-၁၈ ဘောလုံးရာသီသစ် မစတင်မီ၌ အသင်းတစ်သင်းထံသို့ အပြီးသတ် ပြောင်းရွှေ့နိုင်ရန် ကြိုးပမ်းသွားတော့မည် ဖြစ်ကြောင်းကို အတိအလင်း ထုတ်ဖော်ပြောကြားထားပြီ ဖြစ်ကာ ၎င်းကိုခေါ်ယူရန် အတွက် မန်ယူနှင့်အပြိုင် လီဗာပူး၊ အာဆင်နယ်၊ ချယ်လ်ဆီးနှင့် အဲဗာတန်တို့ကလည်း စိတ်ဝင်စားမှုများ ရှိနေသည်။

ဂျိုးဟတ်သည် နည်းပြဂွါဒီယိုလာ လက်အောက်၌ ၎င်းအတွက် အခွင့်အရေးများ ရနိုင်ရန် လွယ်ကူတော့မည် မဟုတ်ဟု ခံယူထားပြီး အပြီးသတ် အပြောင်းအရွှေ့အတွက် စဉ်းစားရာတွင် ပြည်ပကလပ်များထက် ပြည်တွင်းပရီးမီးယားလိဂ်ကလပ်များကို ဦးစားပေးနေရာတွင် ထားရှိစဉ်းစားသွားမည် ဖြစ်ကြောင်းလည်း ဂျိုးဟတ်က အသိပေးထားသည်။

The Voice

No comments:

Post a Comment