Latest News

Monday, April 24, 2017

မင်္ဂလာဈေးဝင်းထဲက ကေတီဗီနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေ ဧပြီ ၂၈ နောက်ဆုံး ပိတ်ရမယ်

မင်္ဂလာဈေးဝင်းထဲက ကေတီဗီနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေ ဧပြီ ၂၈ နောက်ဆုံး ပိတ်ရမယ်

ရန်ကုန်မြို့ မင်္ဂလာဈေးဝင်းထဲက ကေတီဗီနဲ့ ဖျော်ဖြေရေးလုပ်ငန်း (ကလပ်) တွေကို ဧပြီလ ၂၈ ရက်နောက်ဆုံးထားပြီး ပိတ်သိမ်းပြောင်းရွှေ့ဖို့ ညွှန်ကြားထားတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာန (တောင်ပိုင်းခရိုင်) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“လုပ်ငန်းလိုအပ်ချက်ကြောင့် ပိတ်သိမ်းတာပါ။ ရာသက်ပန်ပိတ်လိုက်တာပါ။ လုပ်ငန်းထုထည်ကြီးမားတဲ့အတွက်၂၈ ရက်နောက်ဆုံးထားပြီး ပြောင်းဖို့အချိန်ပေးထားတယ်”လို့ အဆိုပါ တာဝန်ရှိသူက ပြောပါတယ်။

မင်္ဂလာဈေးဝင်းထဲမှာ တည်းခိုခန်းတွေ၊ ဟိုတယ်တွေ ရှိနေပေမယ့် ကေတီဗီတစ်ခုနဲ့ ကလပ်ခုနစ်ခုကိုပဲ ဖယ်ရှားဖို့ ညွှန်ကြားထားတာဖြစ်တယ်လို့ ဈေးများဌာနကနေ သိရပါတယ်။ မင်္ဂလာဈေးဝင်းထဲက ကေတီဗီနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေက အရင် အစိုးရလက်ထက်ကတည်းက ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒီလုပ်ငန်းတွေကို ဧပြီလ ၁၁ ရက်ကစပြီး စတင်ပိတ်သိမ်းခဲ့တာ ဖြစ်ပါတယ်။

သင်စိတ်ဝင်စားနိုင်သည့် အခြား ဆက်စပ်သတင်း (လမ်းပေါ် တောင်းစားနေသူ ၁၁ နှစ်အရွယ် မိန်းကလေး အဓမ္မပြုကျင့်ခံရ)
အဆိုပါဝင်းထဲမှာ စီးပွားရေး စင်တာ ဆောက်လုပ်ဖို့ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်ကတည်းက မင်္ဂလာဈေးဝင်းထဲက ကေတီဗီနဲ့ ဖျော်ဖြေရေး (ကလပ်) လုပ်ငန်းတွေကို ပြောင်းရွှေ့ပေးဖို့ စာပေးပို့ထားပြီး ဒီလုပ်ငန်းတွေကိုဈေးများဌာနက နှစ်ရှည်၊ လပေး စာချုပ်တွေနဲ့ ငှားရမ်းထားတာဖြစ်သောလို့ နစ်နာမှုတွေအတွက် စာချုပ်ပါ စည်းကမ်းတွေအတိုင်း တောင်းဆိုနိုင်ကြောင်း ဈေးများဌာန (တောင်ပိုင်းခရိုင်) တာဝန်ခံက ပြောထားပါတယ်။

လက်ရှိအချိန်မှာ အဆိုပါ ကေတီဗီနဲ့ ဖျော်ဖြေရေး လုပ်ငန်းတွေအတွက်နေရာ အစားထိုးပေးဖို့ ညွှန်ကြားထားတာမရှိဘဲ လုပ်ငန်းလိုအပ်ချက်ကြောင့် ရာသက်ပန် ပိတ်သိမ်းလိုက်တာဖြစ်ပြီး ဒီလုပ်ငန်းတွေမှာ ရာနဲ့ချီတဲ့ ဝန်ထမ်းတွေရှိနေလို့ ပြောင်းရွှေ့တဲ့ရက်ကို ဧပြီလ ၂၈ ရက်အထိ ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

Source : The Voice:Duwun

No comments:

Post a Comment