Latest News

Monday, April 24, 2017

ပြည်သူစိတ်ပျက် YBS ဖြစ်နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်ပြော

ပြည်သူစိတ်ပျက် YBS ဖြစ်နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်ပြော

YBS စနစ်ကို စတင်အကောင်အထည်ဖော်ခဲ့တဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးကို ခွင့်တိုင်ကြားခဲ့ပါတယ်။

ဒီနေ့ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ် (YBS) နဲ့ပတ်သက်ပြီး ဆွေးနွေးနေရာမှာ ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက လက်ရှိ YBS စနစ်အပေါ် ပြည်သူလူထုက ယုံကြည်မှု လျော့နည်းနေတယ်လို့ ထောက်ပြခဲ့ပါတယ်။

ဒီလိုဆွေးနွေးခဲ့ရာမှာ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက "ပြည်သူစိတ်ပျက် ဝိုင်ဘီအက်စ်ဖြစ်နေပါတယ်" လို့ သူ့ရဲ့ဆွေးနွေးချက်နိဂုံးချုပ်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ကျင်းပနေတဲ့ တိုင်းဒေသကြီးလွှတ်တော်မှာ YBS စနစ်နဲ့ ပတ်သက်တဲ့ အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၂၆ ဦးက ဆွေးနွေးနေပြီး ပါဝင်ဆွေးနွေးသည့် ကိုယ်စားလှယ်အများစုက YBS စနစ်က  ပြည်သူတွေအတွက် အဆင်ပြေမှုမရှိသေးကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။


ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကို ယခုထက် ပိုမိုကောင်မွန်လာစေဖို့နဲ့ ထိရောက်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အရေးယူဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက်ချက်တွေကို အများပြည်သူသိရှိနိုင်ရေး ပွင့်လင်းမြင်သာမှုရှိစွာ ချပြနိုင်ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တိုက်တွန်းကြောင်းအဆိုကို အင်းစိန်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က တင်သွင်းခဲ့ပါတယ်။

ရန်ကုန်တိုင်းထဲမှာ YBS စနစ်ကို စတင်အကောင်အထည်ဖော်ခဲ့တဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးကို ခွင့်တိုင်ကြားခဲ့ပါတယ်။

ဇန်နဝါရီလ ၁၆ ရက်ကစပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း အရင် မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ(မထသ)ကိုဖျက်သိမ်းပြီး ယာဉ်လိုင်းပေါင်း ၇၀ နဲ့ အစုအဖွဲ့ပိုင်ယာဉ်လိုင်း စနစ်သစ်ကိုစတင်ခဲ့ကာ နောက်ပိုင်းမှ ယာဉ်လိုင်းပေါင်း ၈၀ ကျော်အထိ တိုးချဲ့ပြေးဆွဲခဲ့ပါတယ်။

Source & Photos : 7DayDaily:Duwun

No comments:

Post a Comment