Latest News

Monday, April 10, 2017

ပြည်သူတွေ ဆွေးမနေ၊ ငေးမနေ နိုင်ငံရေးကို မျက်နှာမူနေကြပြီ

ပြည်သူတွေ ဆွေးမနေ၊ ငေးမနေ နိုင်ငံရေးကို မျက်နှာမူနေကြပြီ


ဒီကနေ့ ကျူ ပ်တို့ရဲ့ နိုင်ငံရေးဟာ အလွန်ကြီးမားတဲ့ အနေအထားသစ်ကို မျက်နှာမူနေကြပြီ။ ဒါက ကျူ ပ်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူ ပ်ဘက်က နိုင်ငံရေးကို အဓိပ္ပါယ် ဖွင့်ဆိုချက် ဖြစ်ပါတယ်။  အဲဒီနိုင်ငံရေးက လူထုကိုမျက်နှာမူတဲ့ နိုင်ငံရေးဖြစ်ပါတယ်။ နိုင်ငံရေးပါတီ အဖွဲ့အစည်း၊ နိုင်ငံရေးလုပ်ငန်းစဉ်၊ နိုင်ငံရေးသမားဟာ လူထုကို ဦးထိပ်ထားရမယ်၊ လူထုကောင်းကျိုးကို သယ်ပိုးရမယ်၊ လူထုဒုက္ခဆင်းရဲတွေကို ဖယ်ရှင်းရမယ်။ လူထုသာအမိ၊ လူထုသာအဖ နိုင်ငံရေးသရဏဂုံကို ဆောက်တည်ရမယ်။ လူထုအတွက် စွန့်လွှတ်၊ အနစ်နာခံရမယ်။ လူထုကို နိုင်ငံရေးရှေ့ဆောင်ရမယ်။ ဒါပါပဲ။

ဒါဟာ `နိုင်ငံရေးပါတီ - အဖွဲ့အစည်းနဲ့ နိုင်ငံရေးသမားတိုင်းရဲ့ နိုင်ငံရေးကျင့်ဝတ်၊ သိက္ခာပါပဲ´ ။ ဒီနေ့ ကျူ ပ်တို့ရဲ့ နိုင်ငံရေးဟာ လူထုကို မျက်နှာမူနေကြပြီ။ ဒါ့ထက်` ပိုအရေးကြီးတာက နိုင်ငံရေးကို မျက်နှာမူတဲ့ပြည်သူမျိုး ဒီနေ့တိုင်းပြည်မှာ ဖြစ်ပေါ်ထွန်းကားလာခြင်း´ ဖြစ်ပါတယ်။ သိပ်ကိုထူးခြားတဲ့ ဖြစ်ရပ်ပါ။ ဒီဖြစ်ရပ်က လူထုကြီးတစ်ရပ်လုံး နိုင်ငံရေးကို မျက်နှာမူလာခြင်းပဲ ဖြစ်တယ်ဗျ ။

အလင်းရောင်ကို ထိုင်ကြည့်နေရုံကတော့ ပြည်သူတွေအဖို့ ငုတ်တုတ်ဟာငုတ်တုတ်ပဲပေါ့ဗျာ ။ ဘာမှမလုပ်၊ ဘာမှမဖြစ်ပေါ့ဗျာ။ အပြောင်းအလဲက သူ့သဘောသူဆောင်၊ သူ့နယ်ပါယ်မှာ သူ့သခ်ာရနဲ့သူ ဖြစ်ဟယ်- ပျက်ဟယ်၊ ပျက်ဟယ် ပျက်နေကြတာ။ ကြာရင် ဒုံရင်းကနေ နောက်ကျွမ်းဒိုင်ဗင်ထိုးပြီး အဆိုးသံသရာ လည်ဦးမလားလို့တောင် ရင်တမမဖြစ်နေတာမဟုတ်လား။ အဲဒီအချိန်မှာ ပြည်သူက နိုင်ငံရေးဘက်ကို မျက်နှာမူလာနေကြတယ်။ အင်အားပြလာကြတယ်။ `ပြည်သူက ဆန္ဒပြမနေကြဘူး။ ပြည်သူက တိုက်ပွဲဝင်မနေကြဘူး။ တောင်းဆိုလာကြတယ်။

နိုင်ငံရေးကိစ္စတွေ ထားဦး။ နိုင်ငံရေးနဲ့မဆိုင်တဲ့ ကိစ္စမှာလည်း လူထုဗြောင်းဆန်အောင် လှုပ်ရှားနေကြတယ်။ ဥပမာ ပြောမယ်ဗျာ။ မနေ့တစ်နေ့ကထိ စာပေလောကမှာ အပျော်ဖတ်စာပေတွေ၊ ခုတင်စာတွေ၊ ခြင်ထောင်စာတွေ ထိပ်တန်းမှာ ရောင်းကောင်းနေခဲ့တယ်။ ဟော ဒီနှစ်ပိုင်းရောက်တော့ နိုင်ငံရေးစာအုပ်တွေကို လိုက်မမီတော့ဘူး၊ ဂျာနယ်တွေ ကြည့်မလား၊ နိုင်ငံရေးအသားပေးတဲ့ ဂျာနယ်တွေ `ဟော့´ နေတယ်၊ `မော့´ နေတယ်လေဗျာ။ ရုပ်ရှင် - သဘင်တွေမှာ နိုင်ငံရေးမတိုးနိုင်လို့ ငြိမ်တုန်းရှိသေး။ ဒါပေမဲ့ ဂီတလောကမှာတော့ နိုင်ငံရေးတေးသံတွေ လွှမ်းစပြုနေတယ်။ ဒါတွေအားလုံးဟာ ဘာကိုပြနေလဲ။

ရှင်းပါတယ်ဗျာ၊ ပြည်သူတွေ နိုင်ငံရေးဘက်ကို မျက်နှာမူလာကြတယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေထဲမှာ ပါဝင်လာကြတယ်။ နိုင်ငံရေးစာပေတွေ ဖတ်လာကြတယ်။ နိုင်ငံရေးတေးဂီတတွေ နားစွဲလာကြတယ်ပေါ့။ ဒါပေါ့ဗျာ။ ကျူ ပ်တို့ပြည်သူတွေ နိုင်ငံရေးအမှောင်ချတဲ့ ပြည်ဖုံးကားတွေကို မုန်းလာကြပြီ။ နိုင်ငံရေးလုပ်ချင်လာပြီ။ နိုင်ငံရေးအသိအမြင်- ပညာတွေ ကြားချင်၊ နာချင်၊ ဖတ်ချင်၊ ရှုချင် ဖြစ်လာကြပြီဗျ ။ ဒီနေ့ ပြည်သူတွေဟာ ခြေဖျားစွတ်ရုံ နိုင်ငံရေးသောင်ကမ်းစပ်မှာသာ လျှောက်လှမ်းနေဖို့ စိတ်ကူးရှိတာ မဟုတ်ပါဘူးဗျာ။ ဒီချူ ပ်က ခြေဖျားကိုရေစွတ်ရုံ နိုင်ငံရေးသောင်စပ်- ကမ်းစပ်မှာ လျှောက်နေတာမဟုတ်ဘူး။ နိုင်ငံရေးရေနက် ရေပြင်ကျယ်ထဲ ဆင်းကူးဖို့ စိုင်းပြင်းနေတာ။ တစ်ဖက်ကမ်းမှာရှိတဲ့ နိုင်ငံရေးလွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှ ခြင်း၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိခြင်း အစရှိတဲ့ နိုင်ငံရေးခေမာသောင်ကမ်းကို တက်လှမ်းနိုင်ဖို့ ကူးခပ်မယ်ဗျာ။

ဟံသာဝတီ ဦးဝင်တင်၏ ဆောင်းပါးတစ်ပုဒ်ကို အနည်းငယ် ချူံ့ ၍ ဖော်ပြလိုက်ရပါတယ်။

အောင် ကျော် မိုး

No comments:

Post a Comment