Latest News

Friday, April 28, 2017

နီ နွိုင်း အကီနို လေဆိပ်သို့ တစေ့တစောင်း

နီ နွိုင်း အကီနို လေဆိပ်သို့ တစေ့တစောင်း


သောကြာနေ့က အကြိမ် ၃၀ မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲကို တက်ရောက်ဖို့ အဖွဲ့ ၀င် နိုင်ငံများ
မှ ခေါင်းဆောင်များ တဖွဲဖွဲ ရောက်ရှိလာခဲ့ကြပါတယ်။

ပထမဆုံး A320 Airbus  လေယာဉ်ကြီး နဲ့ ဆိုက်
ရောက်လာသူကတော့ ကမ္ဘောဒီယား ၀န်ကြီးချူ ပ်
ဟူဆန် ဖြစ်ပါတယ်။

ဒုတိယ ရောက်လာသူကတော့ အင်ဒိုနီရှား သမ္မတ
ဂျိုကို ၀ီဒိုဒို ဖြစ်ပြီး ဘိုးရင်း 737- 800 လေယာဉ် ကြီး
နဲ့ ဖြစ်ပါတယ်။ သူနဲ့ တနာရီ ခြားပြီး ရောက်လာသူ
ကတော့ ဗီယက်နမ် ၀န်ကြီးချူပ် ငုယဉ် ဟွမ် ဖု ဖြစ်ပါတယ်။

သူ့နောက်မှာ  နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂို လ်
ဒေါ်အောင်ဆန်းစုကြည်က Boeing 737-800
လေယာဉ်ကြီး နဲ့ ဆိုက်ရောက်လာပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ မရှေးမနှောင်း ရောက်လာ
သူကတော့ ထိုင်းတပ်မတော် စစ်ဦးစီးချူ ပ် နဲ့ ၀န်ကြီး
ချူ ပ် ဖြစ်သူ ဗိုလ်ချူပ်ကြီး ပရာဆွတ် ချန် အို ချာ ဖြစ်ပါ
တယ်။

သူ့နောက်မှာ လာအို ၀န်ကြီးချူပ် ကလည်း Airbus 320 နဲ့ ပေါက်ချ လာခဲ့ပါတယ်။

အားလုံးနောက်မှ ရောက်လာသူကတော့ အချမ်းသာ
ဆုံး နိုင်ငံ ဖြစ်တဲ့ စင်္ကာပူ မှ ၀န်ကြီးချူ ပ် လီဆင်လုံး
ဖြစ်ပြီး Gulfstream G550 နဲ့ ဖြစ်ပါတယ်။

သို့သော်လည်း အားလုံးထဲမှာ စိတ်ဝင်စားစွာ
စောင့်ကြည် ကြို ဆို ခံရသူကတော့
ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ပါတယ်။ သူမကို ဖိလစ်ပိုင် ထိတ်တန်း ကိုယ်စားလှယ် အဖွဲ့ က လက်ခံ
ကြို ဆိုခဲ့ကြပါတယ်။

၂၀၀၈ မှာ သမ္မတ ဟောင်း အကီနို နဲ့ သူမကို ဆက်ခံခဲ့တဲ့ ဖီဒယ် ရာမို့စ်တို့ က အခြား နိုင်ငံ ခေါင်းဆောင်
ဟောင်း တရာ ကျော် နဲ့ အတူ လက်မှတ်ရေးထိုးပြီး
သူမ.လွတ်မြောက်ရေး အတွက် ဆောင်ရွက်ပေးရန်
ကုလသမဂ္ဂ ကို စေခိုင်းခဲ့တဲ့ အကြောင်းကို လာရောက်ကြို ဆိုသူ တွေက အမှတ်ရနေကြဆဲ ဖြစ်ပါတယ်။

HSW

No comments:

Post a Comment