ရခိုင်ပြည်နယ်အရေး တရုတ်ကြားဝင်ညှိနှိုင်းခြင်းကို လက်ခံမည်မဟုတ်ဟု ဦးဇော်ဌေးပြော
ရခိုင်ပြည်နယ်အ ရေးတွင် တရုတ်နိုင်ငံအနေဖြင့် ကြားဝင်ညှိနှိုင်းခြင်းကို လက်ခံ မည်မဟုတ်ဟု နိုင်ငံတော်သမ္မတ ရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော် ဌေးကပြောသည်။
‘‘တရုတ်နိုင်ငံအနေနဲ့ကျန် တဲ့ နိုင်ငံတကာအသိုင်းအဝိုင်း နည်းတူ အပြုသဘောဆောင်တဲ့ ထောက်ပံ့ကူညီမှုတွေ၊ကူညီပံ့ပိုး မှုတွေ လုပ်ဆောင်ပေးလို့ရပါ တယ်။ ဒါပေမဲ့ ဒီပြဿနာကိုနှစ် နိုင်ငံ(မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်)ချင်း ပဲရှင်းမှာဖြစ်ပါတယ်’’ ဟု၎င်းကပြောသည်။
ဧပြီ ၂၈ရက်ကနေပြည်တော် ရှိပြန်ကြားရေးဝန်ကြီးဌာနတွင်ပြု လုပ်သည့် အစိုးရသစ်တစ်နှစ် ပြည့် ဆောင်ရွက်ချက်များသတင်း စားရှင်းလင်းပွဲတွင်ဦးဇော်ဌေးက ယင်းသို့ ပြောကြားခဲ့သည်။
သတင်းထောက်တစ်ဦးက ‘‘တရုတ်နိုင်ငံက အထူးသံတမန် ရောက်ရှိလာပြီး ဘင်္ဂါလားဒေ့ရှ် နှင့် မြန်မာနိုင်ငံမှာရှိတဲ့ ဘင်္ဂါလီအ ရေးကိစ္စကို ကြားဝင်ပြီးညှိနှိုင်းပေးမယ်ဆိုတဲ့ သတင်းကြားခဲ့ပါတယ်။ အဲဒီအပေါ်မှာ မြန်မာနိုင်ငံအစိုးရ ရဲ့သဘောထားအမြင်လေးသိပါရစေ’’ ဟု မေးမြန်းခဲ့မှုအပေါ်ဦးဇော်ဌေးက ပြန်လည်ဖြေကြားခဲ့ ခြင်းဖြစ်သည်။
‘‘ဒီကိစ္စကဟိုတလောကမှ တရုတ်အထူးသံတမန်ပေါ့ဆွန် ကော်ရှန်းက ဘင်္ဂါလားဒေ့ရှ်သွား ပြီးတော့ဖြစ်လာတဲ့ သတင်းဖြစ်ပါ တယ်။ ရခိုင်ပြည်နယ်အရေးကိစ္စ နဲ့ ပတ်သက်ပြီးကျွန်တော်တို့ မြန် မာနိုင်ငံနဲ့ ဘင်္ဂါလားဒေ့ရှ်နိုင်ငံညှိ နှိုင်းဖြေရှင်းနေတာဖြစ်ပါတယ်’’ ဟု ဦးဇော်ဌေးကပြောသည်။
လက်ရှိအစိုးရမူဝါဒအနေ ဖြင့် ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာနှစ် နိုင်ငံညှိနှိုင်းဆောင်ရွက်ရန်သတ် မှတ်ထားသည်ဟု ၎င်းကဆိုသည်။
တရုတ်နိုင်ငံအနေဖြင့် ရခိုင် ပြည်နယ်တွင် တည်ရှိသည့် ကျောက်ဖြူစီမံကိန်းကြောင့် ပူပန် နေမှုကိုသိသော်လည်း မြန်မာနိုင် ငံအစိုးရအနေဖြင့် နှစ်နိုင်ငံဖြေ ရှင်းသည့်နည်းလမ်းဖြင့်သာသွား မည်ဟု ဦးဇော်ဌေးကပြောသည်။
‘‘တရုတ်နိုင်ငံအနေနဲ့ဒီဘက် မှာကျောက်ဖြူပိုက်လိုင်းရှိတယ်၊ အဲဒါနဲ့ဆက်စပ်ပြီးတော့ ဒီအကျိုး စီးပွားအတွက်ကြားဝင်စေ့စပ်ညှိ နှိုင်းပေးမယ်ဆိုတာ ကျွန်တော်တို့ ကနားလည်ပါတယ်’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။
(7Day News)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment