Latest News

Saturday, April 29, 2017

အာဆီယံ အစည်းအဝေးကျင်းပနေတဲ့ မနီလာမှာ ဗုံးပေါက်ကွဲမှုဖြစ်

အာဆီယံ အစည်းအဝေးကျင်းပနေတဲ့ မနီလာမှာ ဗုံးပေါက်ကွဲမှုဖြစ်


အာဆီယံအစည်းအဝေးတွေ လက်ခံကျင်းပနေတဲ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ Quiapo Church အနီးမှာမနေ့ညက ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသသတင်းတွေက ဆိုပါတယ်။

အိမ်လုပ်ပိုက်ကို အသုံးပြုလုပ်ထားတဲ့ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ၁၃ဦး ဒဏ်ရာရလို့ နှစ်ဦးမှာ အတော်လေးပြင်းထန်တယ်လို့ သိရပါတယ်။

ဖိလစ်ပိုင် သမ္မတပြောရေးဆိုခွင့်ရှိသူ Ernesto Abella ကတော့ ဒီပေါက်ကွဲမှုဟာ အာဆီယံအစည်းအဝေးတွေနဲ့ပက်သက်ဆက်နွယ်မှုမရှိဘဲ သူတို့ရဲ့ လုံခြုံရေးတပ်သားတွေကို အာဆီယံအစည်းအဝေးကျင်းပရာနေရာတွေအနီးမှာ အထူးကြပ်မတ်ချထားကြောင်းဆိုပါတယ်။

အာဆီယံ အစည်းအဝေးတွေ တက်ရောက်ဖို့ မနီလာကို တခြား အာဆီယံ ကိုးနိုင်ငံကခေါင်းဆောင်တွေနဲ့ တာဝန်ရှိသူတွေ ရောက်နေကြပါတယ်။

အာဆီယံ ဥက္ကဌ တာဝန်ယူတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ အစည်းအဝေးတွေ မစတင်ခင် အကြမ်းဖက်သမားတွေက ဖောက်ခွဲမှုရှိခဲ့တာကြောင့်လည်း သမ္မတဒူတာတေးက ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။

Credit: Saw Phoe Khwar

No comments:

Post a Comment