Latest News

Thursday, April 20, 2017

ဇော်ဂျီဆည်ရေသောက်စနစ်ဖြင့် မိုးစပါး၊ နွေစပါး ၇ဝ၁၆၉ ဧကနှင့် အခြားသီးနှံ ၃၆၄၅ဝ ဧကကို ရေပေးဝေနိုင်ခဲ့

ဇော်ဂျီဆည်ရေသောက်စနစ်ဖြင့် မိုးစပါး၊ နွေစပါး ၇ဝ၁၆၉ ဧကနှင့် အခြားသီးနှံ ၃၆၄၅ဝ ဧကကို ရေပေးဝေနိုင်ခဲ့

မြန်မာတစ်နိုင်ငံလုံးရှိ တောင်သူလယ်သမားများ စိုက်ပျိုးရေရရှိရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ ဆည်မြောင်းဦးစီးဌာန ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက မြန်မာတစ်နိုင်ငံလုံးတွင် ဆည်မြောင်းတာတမံများ၊ မြစ်ရေတင်စီမံကိန်းများဖြင့် တောင်သူလယ်သမားများ အား ရေပေးဝေလျက်ရှိရာ မ္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက် ဆည်မြို့နယ်အတွင်းရှိ ဇော်ဂျီဆည်ရေသောက်စနစ်သည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။
ဇော်ဂျီဆည်ရေသောက်စနစ်သည် ရှေးမင်းများလက်ထက်မှ ဇော်ဂျီမြစ်ပေါ်တွင် ရေလွှဲဆည်လေးခုတည်ဆောက်၍ ရေပေးဝေခဲ့သော စနစ်ဖြစ်သည်။ ယခုခေတ်တွင် ရေလှောင်တမံနှစ်ခုနှင့် ရေထိန်းဆည်တစ်ခုတို့ကိုပါ ထပ်မံတည်ဆောက်၍ တောင်သူ လယ်သမားများအတွက် စိုက်ပျိုးရေအပြင် မြို့နေပြည်သူများအတွက် သောက်သုံး ရေကိုပါ ပေးဝေလျက်ရှိသည်။
ဇော်ဂျီမြစ်ပေါ်တွင် တည်ဆောက်ထားသည့် ရေလှောင်တမံ၊ ရေလွှဲဆည်တို့မှ ကျောက်ဆည်ခရိုင်အတွင်းသို့ ရေပေးဝေမှုမှာ ကျောက်ဆည်မြို့နယ်၌ ၄၅၅ဝ၁ ဧကနှင့် စဥ့်ကိုင်မြို့နယ်တွင် စိစစ်ရေသောက် ၃၅၆၁၅ ဧကဖြစ်ရာ စုစုပေါင်း စိစစ်ရေ သောက် ၈၁၁၁၆ ဧကအတွက် မိုးစပါး၊ နွေစပါးနှင့် အခြားစိုက်ပျိုးသီးနှံများကို နှစ်စဉ် စိုက်ပျိုးရေပေးဝေနေခြင်းဖြစ်သည်။
ထို့အပြင် ကျောက်ဆည်မြို့နယ်အတွင်းမှ ဒေသခံပြည်သူများ၏ သောက်သုံးရေ အတွက်လည်း တစ်နှစ်လျှင် ရေဂါလန်သန်း ၂ဝဝ ကိုလည်းကောင်း၊ စက်ရုံများအတွက် တစ်နှစ်လျှင် ရေဂါလန်သန်း ၅ဝ ခန့်ကိုလည်းကောင်း ပေးဝေလျက်ရှိသည်။
ဇော်ဂျီရေသောက်စနစ်တွင် ပါဝင်သည့် ရေလွှဲဆည်လေးခုအနက် ငပြောင်ရေလွှဲ ဆည်၊ သင်းတွဲရေလွှဲဆည်၊ မင်းရဲရေလွှဲဆည်တို့ကို ၁၈၉၁-၁၈၉၂ ခုနှစ်တွင် တည်ဆောက် ခဲ့ပြီး ဇီးတောရေလွှဲဆည်ကို ၁၉၂၅-၁၉၂၆ ခုနှစ်တွင် တည်ဆောက်ခဲ့ကာ နိုင်ငံတော် အတွက် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ဇော်ဂျီမြစ်ဘေးဝဲယာ၌ ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်၍ ရေအားလျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိသည်။
ထို့အတူ စိုက်ပျိုးမြေယာများ ရေဘေးကာကွယ်ရန် လိုအပ်သည့်အချိန်တွင် စိုက်ပျိုးရေထုတ်ပေးရန် ရည်ရွယ်ချက်များဖြင့် ဇော်ဂျီရေလှောင်တမံကို ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နယ်အတွင်း ဇော်ဂျီမြစ်ပေါ်တွင် ၁၉၉၄-၁၉၉၈ ခုနှစ်က တည်ဆောက်ခဲ့သည်။ ဇော်ဂျီရေလှောင်တမံသည် နှစ်စဉ်ပျမ်းမျှမိုးရေချိန် လက်မ ၄ဝ ခန့် ရရှိပြီး နှစ်စဉ်ပျမ်းမျှစီးဝင်ရေ ၆၂၂ဝဝဝ ဧကပေခန့် ရရှိကာ ကန်ရေပြည့် သိုလှောင်နိုင်မှုမှာ ၅၁၇ဝဝဝ ဧကပေခန့်ရှိကြောင်း သိရသည်။
အလားတူ ကျောက်ဆည်မြို့ သောက်သုံးရေပေးဝေနိုင်ရန်နှင့် မိုးရာသီရေကြီး ချိန်တွင် မြစ်အတွင်း ရေပိုမိုလျင်မြန်ချောမွေ့စွာ စီးဆင်းနိုင်စေရေးအတွက် ဇော်ဂျီ ရေထိန်းဆည်ကို ၂ဝဝ၂-၂ဝဝ၃ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ ဇော်ဂျီရေလှောင် တမံ၏ အောက်ဘက် မြို့ကြီးကျေးရွာအနီးတွင် မြို့ကြီးရေလှောင်တမံ တည်ရှိသည်။
ဇော်ဂျီဆည်ရေသောက်စနစ်တွင် ငပြောင်ရေလွှဲဆည်သည် ကျောက်ဆည် မြို့နယ် သံရွာအနီးတွင် တည်ရှိပြီး အလျားပေ ၁၆ဝ၊ အမြင့် ၂ဝ ဒသမ ၅ ပေရှိကာGlasic ဆင်ခြေလျှော ရေလွှဲဆည်အမျိုးအစားဖြစ်သည်။ ငပြောင်ရေလွှဲဆည်တွင် ငပြောင်မြောင်း၊ နွားတက်မြောင်းနှင့် အထက်လင်းဇင်းမြောင်းများပါရှိပြီး နွား တက်မြောင်းခွဲနှင့် ကွမ်းဆေးမြောင်းများ ပါဝင်သည်။ တူးမြောင်းစုစုပေါင်းအရှည် ၇၆ ဒသမ ၆ မိုင်ရှိပြီး ဒေသခံတောင်သူအကျိုးပြု စိစစ်ရေသောက်ဧက ၂၇ဝ၁၄ ဧကကို ရေပေးဝေလျက်ရှိသည်။
သင်းတွဲရေလွှဲဆည်သည် ငပြောင်ရေလွှဲဆည်၏အောက်ဘက် ခုနစ်မိုင်ခန့်အကွာ ကျောက်ဆည်မြို့နယ် ဟံမြင့်မိုရ်ကျေးရွာအနီး၌ တည်ရှိသည်။ အလျားပေ ၂ဝဝ၊ အမြင့် ၁၁ ပေရှိGlasic ဆင်ခြေလျှော ရေလွှဲဆည်အမျိုးအစားဖြစ်သည်။ သင်းတွဲ ရေလွှဲဆည်တွင် အရှည် ၂၈ ဒသမ ၄ ပေရှိ သင်းတွဲမြောင်းပါရှိပြီး ကျောက်ဆည် မြို့နယ်အတွင်းမှ စိစစ်ရေသောက် ၇၈၉၃ ဧကနှင့် စဥ့်ကိုင်မြို့နယ်မှ စိစစ်ရေသောက် ၃၁ဝ၅ ဧက စုစုပေါင်း စိစစ်ရေသောက် ၁ဝ၉၉၈ ဧကကို ရေပေးဝေလျက်ရှိသည်။
အလားတူ မင်းရဲရေလွှဲဆည်သည် သင်းတွဲဆည်၏အောက်ဘက် ၁ဝ မိုင်အကွာ ဇော်ဂျီမြစ်ပေါ်တွင် တည်ရှိသည်။ ဆည်အလျား ၁၂၃ ပေ၊ အမြင့် ၂၅ ဒသမ ၈ ပေရှိပြီးGlasic ဆင်ခြေလျှော ရေလွှဲဆည်အမျိုးအစားဖြစ်သည်။ မင်းရဲရေလွှဲ ဆည်သည် ကျောက်ဆည်မြို့နယ်အတွင်းမှ စိစစ်ရေသောက် ၉၇၅၃ ဧကနှင့် စဥ့်ကိုင်မြို့နယ်အတွင်းမှ စိစစ်ရေသောက်ဧက ၈၆၄၁၄ ဧကအတွက် စိုက်ပျိုးရေ ပေးဝေလျက်ရှိပြီး မင်းရဲမြောင်း ရေပေးမြောင်းများမှာ စုစုပေါင်း ၆၁ မိုင်အရှည်အထိ ရှိသည်။
မင်းရဲရေလွှဲဆည်၏အောက်ဘက် ပေ ၁ဝဝဝ အကွာတွင် ဇီးတောရေလွှဲဆည်ရှိပြီး ကျောက်ဆည်မြို့အတွင်း၌ တည်ရှိသောဆည်ဖြစ်သည်။ ဆည်အလျားပေ ၁၅ဝ၊ အမြင့် ခြောက်ပေရှိကာDrop Fall ရေကျရေလွှဲဆည်အမျိုးအစားဖြစ်သည်။ ၁၉၂၅-၁၉၂၆ ခုနှစ်တွင် တည်ဆောက်ခဲ့သောဆည်ဖြစ်ပြီး ရေပေးမြောင်းများ အနေဖြင့် ဇီးတောရေပေးမြောင်း၊ ပလိပ်မြောင်းခွဲနှင့် မြောင်းဆုံမြောင်းခွဲများ ပါဝင်ကာ စုစုပေါင်း မြောင်းအရှည်မှာ မိုင် ၆ဝ ရှိသည်။ ဇီးတောရေလွှဲဆည်သည် ကျောက်ဆည်မြို့နယ်အတွင်းရှိ စိစစ်ရေသောက်ဧက ၈၈၁ ဧကနှင့် စဥ့်ကိုင်မြို့နယ် အတွင်းရှိ စိစစ်ရေသောက် ၂၃၈၆၉ ဧကအတွက် စိုက်ပျိုးရေပေးဝေလျက်ရှိသည်။
ဇော်ဂျီရေသောက်စနစ်ရှိ ရေလွှဲဆည်များမှရေကို မြောင်းများမှတစ်ဆင့် ကျောက် ဆည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၉၈ အုပ်စု ကျေးရွာပေါင်း ၂၂၃ ရွာမှ တောင်သူ များအတွက် စိုက်ပျိုးရေများ ဖြန့်ဝေပေးရာတွင် ၂ဝ၁၆-၂ဝ၁၇ ခုနှစ်တွင် နွေစပါး ၆၈၅ဝ ဧက၊ မိုးစပါး ၆၃၃၁၉ ဧကနှင့် အခြားသီးနှံ ၃၆၄၅ဝ ဧက စုစုပေါင်း ၇ဝ၁၆၉ ဧကအတွက် ရေပေးဝေနိုင်ခဲ့ကြောင်း ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ)ဦးချိုဦးထံမှ သိရသည်။
ကျောက်ဆည်မြို့နယ်သည် နှစ်စဉ်ပျမ်းမျှမိုးရေချိန် ၃၂ လက်မကျော်သာ ရရှိ သဖြင့် မိုးရေဖြင့်စိုက်ပျိုးရန် မလုံလောက်သောကြောင့် တောင်သူများ ရာသီမရွေး စိုက်ပျိုးနိုင်စေရန် ဇော်ဂျီဆည်ရေသောက်စနစ်ဖြင့် ရေပေးဝေလျက်ရှိရာတွင် ဒေသခံတောင်သူလယ်သမားများ၏ စိုက်ပျိုးရေလိုအပ်ချက်အတွက် အဆင်ပြေစေ သလို မြို့နယ်အတွင်းမှ ဒေသခံပြည်သူများ၏သောက်သုံးရေအဖြစ် သုံးစွဲနိုင်ရန် အတွက်ပါ သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ဖြန့်ဝေပေးထားသဖြင့် ဒေသခံတောင်သူများသာမက မြို့နယ်အတွင်းနေ ပြည်သူများပါ အဆင်ပြေလျက်ရှိ ကြောင်း သိရသည်။ ။ သတင်းဆောင်းပါး - ကျော်ကျော်(မလှိုင်)ပြန်/ဆက်

No comments:

Post a Comment