Latest News

Saturday, April 29, 2017

သီပေါမြို့နယ် စဥ့်အင်ကုန်းဆင်း၌ ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး အမျိုးသမီးတစ်ဦးသေဆုံး

သီပေါမြို့နယ် စဥ့်အင်ကုန်းဆင်း၌ ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး အမျိုးသမီးတစ်ဦးသေဆုံး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ကုံးမုံးကျေးရွာအနီး သရက်သီးများ တင်ဆောင်လာသော ခြောက် ဘီးကုန်တင်ယာဉ်တိမ်းမှောက်ရာမှ အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသားနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

မန္တလေးမှ မူဆယ်မြို့သို့ သရက်သီးများတင်လာသော ကန်တာခြောက်ဘီးယာဉ်မှာ ဧပြီ ၂၉ ရက် နံနက်ပိုင်း တွင် စဥ့်အင်ကုန်းဆင်း၌ အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်သွားရာမှ ယာဉ်ပေါ်ပါသူအမျိုးသမီးတစ်ဦး သေဆုံးခဲ့ ပြီး အမျိုးသားနှစ်ဦးမှာ စိုးရိမ်ဖွယ်ဒဏ်ရာများရရှိခဲ့ကာ ကျန်သူများမှာ ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မူဆယ်သွားမယ့်သရက်သီးယာဉ်ကို ကျောက်ချောကနေ ဆိုင်ကယ်ကယ်ရီမောင်းမယ့်သူတွေ(၁၀)ယောက်က လမ်းကြုံလိုက်လာကြတာပါ။ အားလုံး(၁၃)ဦးပါလာတာပါ။’’ဟု သီပေါယာဉ်ထိန်းရုံးမှ အရာရှိတစ်ဦးက ပြောသည်။

အဆိုပါ သရက်သီးယာဉ်ပေါ်တွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် သစ်သီးပိုင်ရှင်၊ လမ်းကြုံလိုက်ပါလာသူ (၁၀)ဦးတို့လိုက်ပါလာရာမှ အဆိုပါကုန်းဆင်းအရောက်တွင် တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“မနက်(၅)နာရီလောက်ကဖြစ်သွားတာပါ။ အမျိုးသမီးတစ်ဦးကတော့ သီပေါဆေးရုံမှာဆုံးတယ်။ အမျိုးသားတစ် ဦးကိုတော့ လားရှိုးပြည်သူ့ဆေးရုံကိုပို့လိုက်တယ်။ အမျိုးသားတစ်ဦးကတော့ သီပေါဆေးရုံမှာပဲကုသနေပါ တယ်’’ဟု နယ်စည်းမခြားပရဟိတအဖွဲ့ (သီပေါ)မှ ကိုမျိုးမြင့်လွင်ကပြောသည်။

လက်ရှိတွင် ယာဉ်မဆင်မခြင်မောင်းနှင်ခဲ့သူ မြစ်သာမြို့နယ်၊ ပြည်လုံးအေးရွာနေ ယာဉ်မောင်း ကိုမင်း(၃၉)နှစ် အား သီပေါမြို့မရဲစခန်းမှ ယာဉ်(ပ) ၁၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃၀၄-က တို့ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါသရက်သီးတင်ယာဉ်တိမ်းမှောက်သောနေရာတွင် ၂၀၁၆ ခုနှစ်အတွင်းက ကြယ်စင်ဟိန်း ခရီးသည်တင် ယာဉ် တိမ်းမှောက်ခဲ့ဖူးကာ ယင်းကုန်းဆင်းသည် မကြာခဏစလစ်ဖြစ်ကာ ယာဉ်မတော်တဆမှုဖြစ်ပွားနေ ကြောင်း သီပေါယာဉ်ထိန်းရုံးမှ သိရသည်။

ရတနာပုံ သတင်းစာ

No comments:

Post a Comment