Latest News

Saturday, April 29, 2017

သာကေတမှာ ဖြစ်ပွားတဲ့ အာရဗီစာသင်ကျောင်း ချိတ်ပိတ်မှု မဘသနဲ့ မသက်ဆိုင်ဟု ပြော

သာကေတမှာ ဖြစ်ပွားတဲ့ အာရဗီစာသင်ကျောင်း ချိတ်ပိတ်မှု မဘသနဲ့ မသက်ဆိုင်ဟု ပြော

သာကေတမြို့နယ်က အာရဗီစာသင်ကျောင်းတွေ ချိတ်ပိတ်ခံရမှုဟာ မဘသနဲ့ မသက်ဆိုင်ဘူးလို့ ဆိုပါတယ်။
“သတင်းမီဒီယာတွေမှာ ဖော်ပြနေတဲ့ အကြောင်းအရာတွေက မဘသဆိုပြီး ဖော်ပြနေတယ်ပေါ့ တကယ်လုပ်တာက အမျိုးသားရေးညွှန့်ပေါင်း အဖွဲ့က လုပ်တာပါ ” လို့ မဘသရဲ့ ဗဟိုဆရာတော်
တစ်ပါးဖြစ်တဲ့ ဒေါက်တာအရှင်တေဇနိယ က ပြောပါတယ်။

အများစု က မဘသလို့ သုံးနှုန်းနေတဲ့အတွက် ပြန်လည်ဖြေရှင်းရတာပါလို့ ပြောပါတယ်။ ကြီးကြီးကျယ်ကျယ်ဖြစ်ခဲ့တာ မဟုတ်တဲ့အတွက်
သတင်းစာရှင်းလင်းပွဲတွေတော့ လုပ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဧပြီလ ၂၈ရက်နေ့ ညနေ ၃နာရီ က သာကေတမြို့နယ် အနော်မာ ၁၁လမ်း မှာရှိတဲ့ အာရဗီစာသင်ကျောင်းတစ်ခုနဲ့ အနော်မာ (၁၂)လမ်းမှာ ရှိတဲ့ အာရဗီစာသင်ကျောင်းတွေကို ချိတ်ပိတ်လိုက်တာဖြစ်ပါတယ်။ အဲ့ဒီစာသင်ကျောင်းတွေမှာ မွတ်စလင်ဘာသာရေးဝတ်ပြုနေတယ်လို့ အမျိုးသားရေးသမားတွေရဲ့ စွပ်စွဲချက်ကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး က တာဝန်ရှိသူတွေ ၊ အမျိုးသားရေးသမားတွေ၊ ဘာသာရေးခေါင်းဆောင်တွေ အပါအဝင် ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူတွေ အချိန် နှစ်နာရီ ခန့် ဆွေးနွေးပြီး အခုလို ချိတ်ပိတ်ခဲ့တာ ဖြစ်ပါတယ်။

အောင်လေး(Kumudra)

No comments:

Post a Comment